ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၃ ရက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စစ်တပ်ခေါင်းဆောင်ပိုင်း အပြောင်းအလဲတစ်ခုအဖြစ် လေ တပ်ဗိုလ်ချုပ်ကြီး စီကျူဘရောင်းနဲ့ အခြားဗိုလ်ချုပ် (၅) ဉီးကို ရာထူးမှထုတ်ပယ်လိုက်ပါတယ်။

စီကျူဘရောင်းရဲ့နေရာမှာ F-16 တိုက်လေယာဉ်မှူးဟောင်း အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ဒန် ရာဇင်ကိန်းနဲ့ အစားထိုးမယ်လို့ ဒေါ်နယ်ထရမ့်က လူမှုကွန်ရက်မှာ ပြောပါတယ်။

စစ်ဘက်တပ်ဖွဲ့တစ်ခုကိုဉီးဆောင်တဲ့ ပထမဆုံးသော အမျိုးသမီးဖြစ်တဲ့ ရေတပ်ဗိုလ်ချုပ်ကြီး လီ ဆာဖရန်ချက်တီအပြင် ဒုတိယစစ်ဉီးစီးချုပ်၊ စစ်ဉပဒေချုပ်တို့ကိုလည်း ဒေါ်နယ်ထရမ့်က အစားထိုးမယ် လို့ ပင်တဂွန်က ပြောပါတယ်။

ဒေါ်နယ်ထရမ့်ရဲ့ “အမေရိကသည်သာ ပထမ” နိုင်ငံခြားရေးမူဝါဒသစ်အရ အရပ်သားဝန်ထမ်း များစွာကို ထုတ်ပယ်ခဲ့သလို ဘတ်ဂျက်ဖြတ်တောက်မှုနဲ့ စစ်ဘက်တပ်ဖွဲ့ဝင်တွေ ဖြန့်ကြက်မှုကို ပြန်သုံး သပ်ခဲ့ပါတယ်။

သမ္မတရဲ့ ထိပ်တန်းစစ်ဘက်အကြံပေးဖြစ်လာတဲ့ ဒုတိယမြောက် လူမည်းအရာရှိဖြစ်တဲ့ စီကျူဘ ရောင်းဟာ ၂၀၂၇ ခုနှစ်၊ စက်တင်ဘာလမှာ (၄) နှစ်သက်တမ်း ပြီးဆုံးမှာဖြစ်ပါတယ်။

ဒေါ်နယ်ထရမ့်ဟာ သမ္မတရာထူး တာဝန်ယူတဲ့ ပထမနေ့မှာ အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့ အကြီးအကဲ ပထမဆုံးသော အမျိုးသမီးတပ်မှူး ဗိုလ်ချုပ်ကြီး လင်ဒါဖာဂန်ကို ထုတ်ပယ်ခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်ဟာ ပြီးခဲ့တဲ့လအတွင်း အငြိမ်းစား ကြည်းတပ်ဗိုလ်ချုပ်ကြီးနဲ့ ပူးတွဲစစ်ဉီးစီးချုပ် များဥက္ကဌ မတ်ခ်မီလေးကို တာဝန်မှရပ်ဆိုင်းခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်ရဲ့ ပထမသမ္မတသက်တမ်းအတွင်း ထိပ်တန်း အမေရိကန်စစ်ဗိုလ်ချုပ်ကြီးဖြစ်လာ ခဲ့တဲ့ မတ်ခ်မီလေးဟာ သမ္မတ ဂျိုးဘိုင်ဒင်အစိုးရလက်ထက်မှာ သေဒဏ်ခြိမ်းခြောက်မှုတွေ ရင်ဆိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ ကြယ်လေးပွင့်အဆင့် ဗိုလ်ချုပ်ကြီးအဖြစ်မှ အငြိမ်းစားယူပြီးနောက် ဒေါ်နယ်ထရမ့်ကို အ ဓိက ဝေဖန်သူဖြစ်ခဲ့ပါတယ်။

ကိုးကား – Reuters
Ref; Trump fires top US general in Pentagon shakeup

#Ayeyarwaddy_Times