
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၁ ရက်
ယူကရိန်းသမ္မတ ဇီလန်စကီးဟာ ရုရှားကျူးကျော်စစ်ဖြစ်နေစဉ် ရွေးကောက်ပွဲမရှိတဲ့ အာဏာ ရှင်တစ်ဉီးဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရှုတ်ချလိုက်ပါတယ်။
ဇီလန်စကီးက ရွေးကောက်ပွဲကျင်းပဖို့ ငြင်းဆန်ပြီး ယူကရိန်း လူထုစစ်တမ်းတွေမှာ ထောက်ခံမှု ကျဆင်းနေတယ်လို့ ဖလော်ရီဒါပြည်နယ်မှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းတစ်ခုမှာ သူက ဆိုပါတယ်။
“မြို့တော်တိုင်း ဖျက်ဆီးခံနေရတာကြောင့် သူက ဘယ်လိုလုပ်ပြီ လူထုထောက်ခံမှု ရရှိမှာလဲ” လို့ ၎င်းက ပြောပါတယ်။
ယူကရိန်းစစ်ပွဲမှာ ဉီးတည်ချက်မှားနေပြီး ရွေးကောက်ပွဲမရှိသော အာဏာရှင်တစ်ဉီးဖြစ်တဲ့ ဇီ လန်စကီးက မြန်မြန်ရွေ့ချင်ရွေ့ မဟုတ်ပါက သူ့မှာ နိုင်ငံတစ်နိုင်ငံရှိတော့မှာမဟုတ်ဘူးလို့ ဒေါ်နယ်ထ ရမ့်က ဆက်ပြောပါတယ်။
ဒီမတိုင်ခင်ကလည်း ဒေါ်နယ်ထရမ့်က ဇီလန်စကီးကို ရွေးကောက်ပွဲမရှိတဲ့ အာဏာရှင်တစ်ဉီးအ ဖြစ် လူမှုကွန်ရက်မှာ ခေါ်ဆိုခဲ့ပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် ကီယာစတန်မာက ဇီလန်စကီးနဲ့ ဖုန်းပြောဆိုမှုမှာ ယူကရိန်းရဲ့ ဒီမိုကရေစီ နည်းကျ ခေါင်းဆောင်အဖြစ် ထောက်ခံကြောင်း ပြောဆိုခဲ့တယ်လို့ ဗြိတိန်ဝန်ကြီးချုပ်ရုံးက ထုတ်ပြန် ချက်တစ်ခုမှာ ပြောပါတယ်။
ဇီလန်စကီးရဲ့ ဒီမိုကရေစီ တရားဝင်မှုကို ငြင်းဆန်ပါက မှားယွင်းပြီး အန္တရာယ်များတယ်လို့ ဂျာမ နီဝန်ကြီးချုပ် အိုလက်ဖ်ရှိူးက လူမှုကွန်ရက်မှာ ပြောပါတယ်။
ကိုးကား – NHK
Ref; Trump repeatedly calls Zelenskyy a ‘dictator without elections’
#Ayeyarwaddy_Times