ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၄ ရက်

အင်ဒိုနီးရှား ရွှေ့ပြောင်းအလုပ်သမားသမဂ္ဂ (SBMI) ဟာ ဒါဇင်နဲ့ချီတဲ့ ရွှေ့ပြောင်းလုပ်သား ဟောင်းတွေ၊ မြန်မာနိုင်ငံမှာ လူကုန်ကူးခံထားရတဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေရဲ့ မိသားစုဝင်တွေနဲ့အတူ တနင်္လာနေ့မနက်ပိုင်းက ဂျကာတာမြို့တော်ရှိ မြန်မာသံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြပွဲမှာ မြန်မာနိုင်ငံရှိ ကျားဖြန့်လုပ်ငန်းတွေမှာ အဓမ္မ ခိုင်းစေခံခဲ့ရပြီး ပြည်နှင်ဒဏ်ပေးခံခဲ့ရ တဲ့ အင်ဒိုနီးရှား ရွှေ့ပြောင်းလုပ်သား ၄၅ ဉီး ပါဝင်ခဲ့တယ်လို့ SBMI ဥက္ကဌ ဟာရီယန်တိုဆူဝါနိုက ပြောပါ တယ်။

“မြန်မာသံရုံးရှေ့ ဆန္ဒဖော်ထုတ်ပွဲမှာ အင်ဒိုနီးရှား ရွှေ့ပြောင်းလုပ်သား ၄၅ ဉီးဝန်းကျင် ပါဝင်ခဲ့ပါ တယ်” လို့ ၎င်းက ဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံသား ၄၅ ဉီး မြန်မာနိုင်ငံ၊ မြဝတီမြို့ရှိ ကျားဖြန့်လုပ်ငန်းတွေမှာ လူကုန်ကူးခံခဲ့ရ တယ်လို့ SBMI က ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမှာ အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံရှိ ကျားဖြန့်လုပ်ငန်းတွေမှာ လူကုန်ကူးခံရသူတွေဟာ ဂျကာတာ၊ မြောက်ဆုမား တြား၊ ကာလီမန်တန်နဲ့ အနောက်ဂျာဗားမှ လာရောက်သူတွေဖြစ်တယ်လို့ အင်ဒိုနီးရှား လူ့အခွင့်အရေး ကော်မရှင်မှ ညှိနှိုင်းရေးမှူး အေနစ်ဟီဒါယာက ပြောပါတယ်။

ကျားဖြန့်ဓားစာခံတွေမှ အချို့ဟာ ခြောက်လကျော်အထိ ပိတ်မိခဲ့တယ်လို့ အေနစ်က ဇန်နဝါရီ လ ၇ ရက်က အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

SBMI ဟာ ယနေ့အချိန်ထိ မြန်မာနိုင်ငံမှာ လူကုန်ကူးခံထားရတဲ့ အင်ဒိုနီးရှားနိုင်ငံသား ၇၉ ဉီး ကို ကူညီနိုင်ခဲ့ပြီး အများစုဟာ နှိပ်စက်မှု၊ အကြမ်းဖက်မှု၊ အကျပ်ကိုင်မှုနဲ့ အထီးကျန်မှု ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရှိ ကျားဖြန့်လုပ်ငန်းတွေမှာ ပိတ်မိနေတဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေရဲ့ လူကုန်ကူးခံရ တဲ့ဖြစ်စဉ်တွေ တိုးလာခဲ့တယ်လို့ SBMI က ဆိုပါတယ်။

ကိုးကား – Tempo
Ref; Indonesian Migrant Workers Victims of Human Trafficking Hold Rally at Myanmar Embassy Today

#Ayeyarwaddy_Times