
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၆ ရက်
တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ သောကြာနေ့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာ ကိုရူဘီယိုနဲ့ ဖုန်းမှတစ်ဆင့် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
တရုတ်နဲ့အမေရိကန်ဟာ ဆက်သွယ်မှု ဆက်လက်ထားရှိကာ နှစ်နိုင်ငံဆက်ဆံရေးမှာ တည်ငြိမ် သော၊ ကောင်းမွန်သော၊ တာရှည်ခံသော တိုးတက်မှုကို တိုးမြှင့်သင့်တယ်လို့ ဝမ်ယိက ပြောပါတယ်။
ထိုင်ဝမ်ဟာ တရုတ်ပိုင်နက် တစ်စိတ်တစ်ပိုင်းဖြစ်တယ်ဆိုတဲ့ တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်ကို ဝမ်ယိက ရှင်းပြခဲ့ပြီး ထိုင်ဝမ်အရေးကို သတိနဲ့ ကိုင်တွယ်ဖြေရှင်းဖို့ အမေရိကန်နိုင်ငံကို တောင်းဆိုခဲ့ပါ တယ်။
အင်အားကြီးတိုင်းပြည်တွေက နိုင်ငံတကာ တာဝန်တွေကို ယူသင့်တယ်လို့ ဝမ်ယိက ပြောပြီး ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်ရမယ်လို့ ဆိုပါတယ်။
‘အမေရိကန်သည်သာ ပထမ’ မူဝါဒ ချမှတ်ထားတဲ့ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အမေရိကန်အစိုးရ သစ်ကို ထိန်းကျောင်းဖို့ အခုလို မှတ်ချက်ပြုတာလို့ ရှုမြင်နေကြပါတယ်။
တရုတ်နိုင်ငံနဲ့ ပွင့်လင်းသော ဆက်သွယ်မှု ပြုလုပ်လိုတဲ့ဆန္ဒရှိတယ်လို့ မာကိုရူဘီယိုက ထုတ် ဖော်ပြောခဲ့တယ်လို့ တရုတ်နိုင်ငံက ပြောပါတယ်။
မာကိုရူဘီယိုဟာ တရုတ်နိုင်ငံအပေါ် သဘောထားတင်းမာသူအဖြစ် လူသိများသူဖြစ်ပြီး တရုတ် နိုင်ငံက သူ့ကို ပြည်ဝင်ခွင့် ပိတ်ပင်မှုအပါအဝင် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ထားပါတယ်။
နှစ်နိုင်ငံ အဆင့်မြင့် တာဝန်ရှိသူတွေဟာ သင့်တော်သလို ဆက်သွယ်မှုပြုလုပ်မယ်လို့ ဒေါ်နယ် ထရမ့် ကျမ်းသစ္စာကျိန်ဆိုပွဲအပြီးမှာ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဉီးက သ တင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
အမေရိကန် အကျိုးစီးပွားနဲ့ အမေရိကန်ပြည်သူတွေကို ပထမ ဉီးစားပေးမယ့် အမေရိကန်-တ ရုတ်ဆက်ဆံရေးကို ဒေါ်နယ်ထရမ့်အစိုးရက ဆက်လက်လုပ်ဆောင်မယ်လို့ မာကိုရူဘီယိုက ဝမ်ယိနဲ့ ဖုန်းပြောဆိုမှုမှာ အလေးထားပြောခဲ့ပါတယ်။
ဒေသတွင်း မဟာမိတ်တွေအတွက် အမေရိကန်နိုင်ငံရဲ့ ကတိကဝတ်ကိုလည်း မာကိုရူဘီယိုက ထပ်လောင်းအတည်ပြုခဲ့ပြီး ထိုင်ဝမ်နဲ့ တောင်တရုတ်ပင်လယ်မှာ တရုတ်နိုင်ငံရဲ့ ရန်လိုသောလုပ်ရပ် တွေကို အလွန်အမင်း စိုးရိမ်တယ်လို့ ထုတ်ဖော်ပြောခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
ကိုးကား – NHK
Ref; China’s foreign minister and US secretary of state hold telephone talks
#Ayeyarwaddy_Times