
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၅ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသတွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၈ ရက် မှ ၂၄ ရက်နေ့ထိ တစ်ပါတ်တာအတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ၁၆ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲများကို PDF၊ KNU-KNLA နှင့် အခြား တော်လှန်ရေးပူးပေါင်းအဖွဲ့များမှ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၇ ဦးသေဆုံးခဲ့ပြီး ၂၂ ဦးနှင့်အထက် ဒဏ်ရာရရှိခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားသည်။
ထို့ပြင် ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့သည့် ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာ၊ ဆွဲဒလကျောင်းကြီး ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီစခန်းကို သွားရောက် တိုက်ခိုက်ခဲ့ရာတွင်လည်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၁ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
တစ်ပတ်အတွင်း ဖြစ်ပွားခဲ့သည့်တိုက်ပွဲများတွင် တော်လှန်ရေးတပ်ဖွဲ့ဝင် လေး ဦး ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း တောင်ပိုင်းစစ်ဒသက ဖော်ပြထားသည်။
တိုက်ပွဲများအတွင်း စစ်ကောင်စီထံမှ MA အမျိုးအစား သေနတ် လေး လက်၊ MA ကျည်ဘောက် ဆယ် ခု၊ G-3 နှစ် လက်၊ ကျည်ဘောက် လေး ခု၊ Uzi တစ် လက်၊ ကျည်ဘောက် တစ် ခု နှင့် ကျည်တောင့်အများအပြားကို သိမ်းဆည်းရမိခဲ့ ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ဒုတိယအပါတ်အတွင်း တိုက်ပွဲများတွင်လည်း စစ်ကောင်စီတပ်စခန်းတစ်ခုကို စခန်းသိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၂၈ ဦးသေဆုံးပြီး ၄၅ ဦးနှင့် အထက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တောင်ပိုင်းစစ် ဒေသ၏ထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ – တောင်ပိုင်းစစ်ဒေသ၊ လူမှုကွန်ရက်
#တောင်ပိုင်းစစ်ဒေသ #စစ်ကောင်စီ #တိုက်ပွဲ #PDF #KNLA #တပ်သားသေဆုံး #Ayeyarwaddy_Times