ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၅ ရက်

အမေရိကန်နိုင်ငံက ဂရင်းလန်ကျွန်းကို ပိုင်ဆိုင်သင့်တယ်ဆိုတဲ့ အမေရိကန် ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ မှတ်ချက်စကားကို သဘောမတူဘူးလို့ ဒိန်းမတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တစ်ခုဖြစ်တဲ့ ဂရင်းလန်ကျွန်းဝန်ကြီးချုပ် Mute Egede က ပြောပါတယ်။

ကာကွယ်ရေးနဲ့ သတ္တုအရင်းအမြစ်လိုမျိုး နယ်ပယ်တွေမှာ အမေရိကန်၊ အခြားနိုင်ငံတွေနဲ့ ပူး ပေါင်းဆောင်ရွက်ဖို့ မျှော်လင့်တယ်လို့ သူက ဆိုပါတယ်။

ဂရင်းလန်ကျွန်းရဲ့ အဓိကမြို့တော်ဖြစ်တဲ့ Nuuk မြို့မှာ တနင်္လာနေ့က အမေရိကန်နဲ့ရုရှား အပါ အဝင် အခြားနိုင်ငံများမှ သတင်းထောက်တွေကို ၎င်းက အခုလို ပြောကြားခဲ့တာပါ။

အမျိုးသားလုံခြုံရေးကြောင့် အမေရိကန်နိုင်ငံက ဂရင်းလန်ကျွန်းကို ဝယ်ယူဖို့လိုအပ်တယ်လို့ ဒေါ်နယ်ထရမ့်က မှတ်ချက်ပြုပြီးနောက် Mute Egede က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပါ။

ဂရင်းလန်ကျွန်းနေ ပြည်သူတွေဟာ ဒိန်းမတ် သို့မဟုတ် အမေရိကန်လူမျိုးမဖြစ်လိုပဲ ပိုင်နက် နယ်မြေ အနာဂတ်ကို ဂရင်းလန်ပြည်သူတွေကသာ ဆုံးဖြတ်တယ်လို့ သူက ဆိုပါတယ်။

ဂရင်းလန်ကျွန်းဟာ လက်ရှိမှာ ကာကွယ်ရေးအတွက် ဒိန်းမတ်နိုင်ငံကို မှီခိုနေရပါတယ်။ Mute Egede ရဲ့ မှတ်ချက်စကားဟာ အနာဂတ်မှာ ဒိန်းမတ်နိုင်ငံထံမှ လွတ်လပ်ရေးရရှိဖို့ ဂရင်းလန်ကျွန်းရဲ့ မျှော်လင့်ချက်ကို ထင်ဟပ်စေပါတယ်။

ရုရှားနိုင်ငံနဲ့ ဖြစ်နိုင်ဖွယ်ရာ ပူးပေါင်းဆောင်ရွက်မှုကို Mute Egede က ပယ်ချခဲ့ပြီး ဂရင်းလန် ကျွန်းဟာ အနောက်နိုင်ငံတွေထဲမှာ ပါဝင်တယ်လို့ ပြောပါတယ်။

ကိုးကား – NHK
Ref; Greenland PM: Future will be decided by the island’s citizens

#Ayeyarwaddy_Times