ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၃၁ ရက်

ရန်ကုန်မြို့တွင် ယနေ့ နှစ်သစ်ကူးရက် တစ်ညတာကို အပြင်ထွက်နိုင်ပြီး ညမထွက်ရအမိန့် သက်မှတ်ထားသည်ကို ပယ်ဖျက်ပေးမည်ဟု စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

ရန်ကုန်တိုင်းအတွင်း ညမထွက်ရအမိန့် သတ်မှတ်ထားသည်ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက် မနက် ၁ နာရီမှ ၃ နာရီအထိ တစ်ညတာ ပယ်ဖျက်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ ထုတ်ပြန်ခဲ့သော်လည်း ဖမ်းဆီးမှုများရှိ‌နိုင်ကြောင်း မြို့နေပြည်သူများက ဆိုသည်။

“အရင်ရက်တွေက အပြင်မထွက်ဘဲ ကိုယ့်အိမ်ရှေ့ ထွက်ထိုင်နေချိန်တောင် ကားရောက်လာပြီး ဆွဲတင်သွားတာ။ ခုလိုညမျိုးဆို ပိုဖမ်းနိုင်တယ်။ သွားလာတာ သတိရှိကြဖို့ပါ။ ကိုယ်တွေကတော့ ပယ်ဖျက်ဖျက် မဖျက်ဖျက် မထွက်ဘူး။ ခေတ်ကာလက ပျက်နေတာပါ။ ပျော်ပွဲရွှင်ပွဲတွေနဲ့ ဖုံးဖိနေတာကို လူငယ်တွေသတိထားစေချင်တယ်”ဟု အသက် ၃၅ နှစ်အရွယ် ရန်ကုန်မြို့ခံ အမျိုးသမီး တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယနေ့ နှစ်သစ်ကူးညတွင် ပြည်သူ့ရင်ပြင်၌ 2025 Countdown Festival ကို နေ့လယ် ၁၂ နာရီမှ ည ၁၂ နာရီအထိ နိုင်ငံကျော်တေးသံရှင်များ၊ အနုပညာရှင်များ၊ သရုပ်ဆောင်များ၊ DJ များ၊ အကအဖွဲ့များဖြင့် ကျင်းပမည်သွားမည် ဖြစ်ကြောင်း သိရသည်။

စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးအောင်လှိုင်သည် ပွဲလမ်းများ၊ ပျော်ပွဲရွှင်ပွဲများ၊ အားကစားပွဲတော်များကျင်းပ၍ ၎င်းကိုယ်တိုင်တက်ရောက်ကာ ပြည်တွင်းတွင် ငြိမ်းချမ်းနေသယောင်ဖန်တီးနေပြီး ယင်းသည်ပင် နိုင်ငံကို ကာကွယ်နေခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။

ဓာတ်ပုံ-MOI (ပုံဟောင်း)

#ရန်ကုန် #နှစ်သစ်ကူး #ညမထွက်ရ #အမိန့်ပယ်ဖျက် #မြို့နေပြည်သူ #ဖမ်းဆီးမည် #စိုးရိမ် #Ayeyarwaddy_Times