ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၃၀ ရက်

လူ ၃၈ ဦး သေဆုံးခဲ့တဲ့ ပြီးခဲ့တဲ့အပတ်အတွင်း ပျက်ကျခဲ့တဲ့ ခရီးသည်တင်လေယာဉ်ကို ရုရှားစစ် တပ်က မတော်တဆ ပစ်ချခဲ့ပြီး ရုရှားနိုင်ငံက ရက်ပေါင်းများစွာကြာအောင် ဖြစ်စဉ်ကိုဖုံးကွယ်ဖို့ ကြိုး ပမ်းခဲ့တယ်လို့ အဇာဘိုင်ဂျန်သမ္မတ အီဟမ်အလီယက်ဗ်က နိုင်ငံပိုင်ရုပ်သံမှာ ပြောပါတယ်။

“ရုရှားစစ်တပ်က လေယာဉ်ကို ပစ်ချခဲ့တာလို့ ကျွန်တော်တို့ ရှင်းလင်းစွာ ပြောနိုင်ပါတယ်။ ရုရှား စစ်တပ်က ခရီးသည်တင်လေယာဉ်ကို မတော်တဆ ပစ်ချခဲ့တာလို့ ပြောရပါမယ်” လို့ သူက ဆိုပါတယ်။

ခရီးသည်တင်လေယာဉ်က ရုရှားနိုင်ငံတောင်ပိုင်း ဂရိုဇနီမြို့အနီး ချည်းကပ်လာစဉ် ပစ်ချခံခဲ့ရ တာလို့ ၎င်းက ပြောပါတယ်။

ရုရှားနိုင်ငံက ရက်ပေါင်းများစွာကြာအောင် ဖြစ်စဉ်ကိုဖုံးကွယ်ဖို့ ကြိုးပမ်းခဲ့တယ်လို့ အလီယက်ဗ် က စွပ်စွဲခဲ့ပြီး ရုရှားအာဏာပိုင်တွေရဲ့ ဖြစ်စဉ်ကို တင်ပြမှုနဲ့ပတ်သက်လို့ အံ့အားသင့်မိတယ်လို့ ဆိုပါ တယ်။

“ရုရှားအာဏာပိုင်တွေက ဖြစ်စဉ်ကိုဖုံးကွယ်ဖို့ ကြိုးပမ်းခဲ့တာကို ကျွန်တော်တို့ ကြုံတွေ့ခဲ့ရပါ တယ်” လို့ ရုရှားနိုင်ငံနဲ့ နီးကပ်သောဆက်ဆံရေးရှိတဲ့ ၎င်းက ဆိုပါတယ်။

အဇာဘိုင်ဂျန် ခရီးသည်တင်လေယာဉ်ဟာ လမ်းကြောင်းပြောင်းချိန်မှာ ဘာကူးမြို့တော်မှ ဂရိုဇ နီမြို့သို့ ပျံသန်းနေချိန် ကာဇတ်စတန်နိုင်ငံအနောက်ပိုင်း Aktau မြို့အနီး ပျက်ကျခဲ့တာပါ။

လေယာဉ်ပေါ်မှာ ခရီးသည် ၆၂ ဉီးနဲ့ အမှုထမ်း ၅ ဉီး ပါရှိခဲ့ပြီး လေယာဉ်ပျက်ကျမှုမှာ လူ ၃၈ ဉီး သေဆုံးကာ ၂၉ ဉီး အသက်ရှင်ခဲ့ပါတယ်။

ရုရှားလေပိုင်နက်အတွင်း ဖြစ်ပွားခဲ့တဲ့ ဝမ်းနည်းဖွယ်ရာဖြစ်စဉ်အတွက် အဇာဘိုင်ဂျန်သမ္မတကို ရုရှားသမ္မတ ဗလာဒီမာပူတင်က တောင်းပန်ခဲ့ပြီး နောက်တစ်ရက်မှာ အလီယက်ဗ်က အခုလို မှတ်ချက် ပြုခဲ့တာပါ။

ကိုးကား – CBS News
Ref; Azerbaijan’s president says Russia unintentionally shot down jetliner that crashed in Kazakhstan

#Ayeyarwaddy_Times