ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၈ ရက်

ပြီးခဲ့တဲ့တစ်ပတ်အတွင်း ရုရှားနိုင်ငံအနောက်ပိုင်း ကာတ်စ်ဒေသမျာ မြောက်ကိုရီးယားစစ်သား ၁၀၀၀ ကျော် သေဆုံး သို့မဟုတ် ဒဏ်ရာရရှိခဲ့တယ်လို့ အမေရိကန် အကြီးတန်းတာဝန်ရှိသူတစ်ဉီးက ပြောပါတယ်။

အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက သောကြာနေ့မှာ အွန်လိုင်း မှတစ်ဆင့် သတင်းထောက်တွေကို အခုလို ပြောကြားခဲ့တာပါ။

ကာတ်စ်ဒေသမှာ ယူကရိန်းတပ်ဖွဲ့တွေကို တိုက်ခိုက်ရာမှာ မြောက်ကိုရီးယားတပ်ဖွဲ့ကို အသေခံ တိုက်ခိုင်းခဲ့ပြီး လူသားလှိုင်းဗျူဟာတွေဟာ အမှန်တစ်ကယ် ထိရောက်မှုမရှိခဲ့ဘူးလို့ အမေရိကန်အစိုးရ က အကဲဖြတ်တယ်လို့ သူက ဆိုပါတယ်။

တိုက်ခိုက်မှုတွေကြောင့် မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှု များပြားခဲ့ပြီး ပြီးခဲ့တဲ့ တစ်ပတ်အတွင်းမှာပင် တပ်ဖွဲ့ဝင် ၁၀၀၀ ကျော် သေဆုံး သို့မဟုတ် ဒဏ်ရာရရှိခဲ့တယ်လို့ ၎င်းက ပြောပါ တယ်။

ရုရှားနဲ့ မြောက်ကိုရီးယားစစ်တပ် ခေါင်းဆောင်တွေဟာ အဆိုပါတပ်ဖွဲ့တွေကို လိုသလိုအသုံးပြု နေပြီး မျှော်လင့်ချက်မဲ့တဲ့မစ်ရှင်တွေမှာ တိုက်ပွဲဝင်ဖို့ အမိန့်ပေးနေတယ်လို့ ဂျွန်ကာဘီက ဆိုပါတယ်။

ဖမ်းဆီးခံရပါက မြောက်ကိုရီးယားနိုင်ငံရှိ မိသားစုတွေကို လက်တုံ့ပြန်မှာကြောက်ရွံ့တာကြောင့် မြောက်ကိုရီးယားစစ်သားတွေဟာ လက်နက်ချတာထက် ၎င်းတို့အသက်ကို စတေးနေကြတယ်လို့ သူက ဆက်ပြောပါတယ်။

အမေရိကန်အစိုးရဟာ လာမယ့်ရက်အနည်းငယ်အတွင်း ယူကရိန်းသို့ ထပ်တိုး စစ်ရေးအကူအ ညီ ပေးအပ်မယ့် အစီအစဉ်တစ်ခု ကြေညာမယ်လို့ ၎င်းက ပြောပါတယ်။

အမေရိကန်နိုင်ငံက ယူကရိန်းသို့ပေးအပ်မယ့် စစ်ရေးအကူအညီသစ်ဟာ ဒေါ်လာ ၁ ဒသမ ၂၅ ဘီလီယံ တန်ကြေးရှိမယ်လို့ AP သတင်းဌာနက ဖော်ပြပါတယ်။

ကိုးကား – NHK
Ref; Over 1,000 N.Korean soldiers killed or injured in Kursk in past week, US says

.#Ayeyarwaddy_Times