ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၄ ရက်

လွန်ခဲ့သောတစ်ရက်က ရုရှားနိုင်ငံအလယ်ပိုင်း ကာဇန်မြို့တော်အပေါ် ဒရုန်းတိုက်ခိုက်မှုအတွက် လက်တုံ့ပြန်မှုအဖြစ် ယူကရိန်းနိုင်ငံကို ပိုပြီး ဖျက်ဆီးပစ်မယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ကတိ ပြုလိုက်ပါတယ်။

နယ်စပ်ဒေသမှ မိုင် ၆၂၀ ခန့်အကွာ ကာဇန်မြို့ရှိ ဇိမ်ခံအိမ်ယာတစ်ခုကို ထိမှန်ခဲ့တဲ့ ဒရုန်းတိုက် ခိုက်မှုကို ယူကရိန်းက လုပ်ဆောင်ခဲ့တာလို့ ရုရှားနိုင်ငံက စွပ်စွဲခဲ့ပါတယ်။

ဒရုန်းတွေက အထပ်မြင့်အဆောက်အအုံကို တိုက်ခိုက်တာကြောင့် မီးလောင်သွားခဲ့တာကို ရုရှား လူမှုကွန်ရက်တွေက ရုပ်သံဖိုင်တွေမှာ မြင်တွေ့ရပါတယ်။ တိုက်ခိုက်မှုကြောင့် လူအသေအဆုံးတော့ မရှိ ခဲ့ပါဘူး။

“သူတို့ ဘယ်လိုပဲဖျက်ဆီးဖို့ ကြိုးစားပါစေ သူတို့ ပိုဖျက်ဆီးခံရတာကို ကြုံတွေ့ရမှာပါ။ သူတို့ ကျွန်တော်တို့နိုင်ငံကို ဖျက်ဆီးဖို့ ကြိုးစားမှုအတွက် နောင်တရပါလိမ့်မယ်” လို့ ပူတင်က ရုပ်သံမိန့်ခွန်း တစ်ခုမှာ ပြောကြားခဲ့ပါတယ်။

ရုရှားပိုင်နက်အပေါ် ယူကရိန်းရဲ့တိုက်ခိုက်မှုတွေကို လက်တုံ့ပြန်မှုအဖြစ် ကိယက်ဗ်မြို့တော်ကို အသံထက်မြန်သော ဒုံးကျည်တစ်စင်းနဲ့ တိုက်ခိုက်ဖို့ ပူတင်က ယခင် ခြိမ်းခြောက်ခဲ့ဖူးပါတယ်။

ရုရှားနိုင်ငံရှိ လေတပ်အခြေစိုက်စခန်းတွေ၊ လက်နက်စက်ရုံတွေကို အနောက်နိုင်ငံတွေ ထောက် ပံ့ပေးထားတဲ့ ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုအတွက် ယူကရိန်းစွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေ ကို လက်တုံ့ပြန်ပြီး တိုက်ခိုက်မယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ သီတင်းပတ်တွေအ တွင်း ပြောကြားခဲ့ပါတယ်။

ကိုးကား – TRT World
Ref; Putin threatens ‘destruction’ on Ukraine after Kazan drone attack

#Ayeyarwaddy_Times