
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၄ ရက်
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြို့တွင် ဖြစ်ပွား နေသည့် ကာလဝမ်းရောဂါ ကူးစက်မှုကို ထိုင်းနိုင်ငံဘက်ခြမ်းမှ စောင့်ကြည့်နေပြီး မြန်မာသို့ လိုအပ်သည့် ဆေးဝါးအကူအညီ ပေးအပ်ခြင်းများ ပြုလုပ်နေကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။
ရွှေကုက္ကိုသည် ထိုင်းနိုင်ငံနှင့် ထိစပ်နေသည့် မြို့တစ်ခုဖြစ်သည့်အတွက် ထိုင်းနိုင်ငံတွင်း ကာလဝမ်း ရောဂါကူးစက်နိုင်မှု အန္တရာယ်မြင့်မားသည့်အတွက် ကူးစက်မှုကာကွယ်ရန် နယ်စပ်တစ်လျှောက် စစ်ဆေးရေးဂိတ်များနှင့် ရောဂါစစ်ဆေးရေး နေရာများ ထားရှိမည်ဖြစ်ပြီး ထိုင်းစစ်တပ်အကူအညီဖြင့် တစ်လဝန်းကျင် စောင့်ကြည့်မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ရွှေကုက္ကို၌ ကာလဝမ်း ရောဂါကူးစက်သူ ၃၀၀ ဝန်းကျင်ရှိနေပြီး နှစ်ဦး သေဆုံးခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံဘက်တွင်လည်း ကာလဝမ်း ရောဂါသံသယရှိ လူနာနှစ်ဦးကို မဲဆောက် နှင့် မဲရမတ်ဆေးရုံ တို့တွင် တွေ့ရှိခဲ့ရပြီး နှစ်ဦးလုံးမှာ မြန်မာနိုင်ငံသားများ ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ရောဂါကူးစက်မှု လျော့ပါးရန် နှင့် ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ရေး လမ်းညွှန်ချက်များ နှင့် ပံ့ပိုးကူညီမှုများ ပေးဆောင်ရန် ရှိနေကြောင်းလည်း သိရသည်။
ထို့ပြင် ရောဂါ ကူးစက်နိုင်မှုမြင့်မားသည့် နယ်စပ်ဒေသရှိရွာများ၊ စက်ရုံများတွင်လည်း စောင့်ကြည့်မှု များနှင့် ဆေးဝါးထောက်ပံ့မှုများ လုံလောက်စွာရရှိနိုင်လည်း စီစဉ်မှုများ ပြုလုပ်ထားကြောင်း သိရသည်။
ယခုအခါသည် နှစ်သစ်ကူးအားလပ်ရက် ရောက်ရှိတော့မည်ဖြစ်သည့်အတွက် နှစ်သစ်ကူးပွဲတော်များ နှင့် အစား အသောက်များမှ တစ်ဆင့် ရောဂါကူးစက်မှုများ ပိုမိုမြင့်မားလာနိုင်သည့်အတွက် အစားအသောက်စစ် ဆေးခြင်းများအပြင် တာ့ခ်ခရိုင်အတွင်း အရေးပေါ် ကုသ ရေးစင်တာ တစ်ခုကိုလည်း ပြည်နယ်ကျန်းမာ ရေးရုံးမှဖွင့်လှစ် ထား ကြောင်း သိရသည်။
ကိုးကား – Bangkok Post
#Ayeyarwaddy_Times