ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၃ ရက်

ရခိုင်ပြည်နယ်၊ မြို့တော်စစ်တွေတွင် အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ အပြန်အလှန် အမြောက် များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီက လေကြောင်း ပစ်ကူပေးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် ယနေ့ ဒီဇင်ဘာ ၂၃ ရက် နံနက် ၁ နာရီခန့်က စစ်တွေမြို့နှင့် ပုဏ္ဏားကျွန်းမြို့နယ်အစပ်တို့ကို ဂျက်တိုက်လေယာဉ်များဖြင့် ဗုံး အလုံးရေ ၂၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“စစ်တွေဒကစနဲ့ ရွှေမင်းကန်ရေတပ်စခန်းနားက ရွာတွေကို လေကြောင်းက​နေ ဗုံးအလုံး ၂ဝ ကျော်နဲ့ တိုက်ခိုက် သွားတယ်။ ပုဏ္ဏားကျွန်းဘက်ကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိတယ်”ဟု စစ်တွေမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

AA သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၁ ရက်နေ့နှင့် ၂၂ ရက်နေ့ ညပိုင်းက ကုလားတန်မြစ်ဝရှိ စစ်ကောင်စီ၏ နေဗီများကိုလက်နက်ကြီးများဖြင့် စတင် ပစ်ခတ်တိုက်ခိုက်ခဲပြီး စစ်ကောင်စီမှလည်း လက်နက်ကြီးများဖြင့် ပြန်လည် တိုက်ခိုက်ကာလေယာဉ်ဖြင့်ပါ စစ်ကူပေးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက စစ်တွေမြို့ပတ်လည်ကို နေဗီ ၁၀ စီးခန့်ဖြင့် အင်အားတိုးချဲ့ထားပြီး အမြင့်ကျွန်း၊ ‌ချီလည် ပင်း၊ သိန်းတန်၊ ကျားမသောက်၊ တောကန်စသည့်နေရာများတွင် အင်အားများတိုးချဲ့ကာ ညစဉ်ကင်း လှည့်လျက်ရှိသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၀ ရက်နေ့ကလည်း စစ်တွေမြို့ရှိ စစ်ကောင်စီမိသားစုဝင်များကို ရွှေမင်းကန် ရေတပ် ဆိပ်ကမ်းမှတစ်ဆင့် ဇက်သင်္ဘောများဖြင့် ကျောက်ဖြူမြို့သို့ ပြောင်းရွှေ့ပေးခဲ့ကြောင်း သိရသည်။

#ရခိုင် #စစ်တွေ #အမြောက်တိုက်ပွဲ #စစ်ကောင်စီ #လေကြောင်းပစ်ကူ #Ayeyarwaddy_Times