ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၁ ရက်

ဒီဇင်ဘာလ ၁၉ ရက်ကပြုလုပ်တဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ တက်သုတ်ရိုက် သတင်းစာ ရှင်းလင်းပွဲမှာ ယူကရိန်းစစ်ပွဲအရေး လွှမ်းမိုးခဲ့ပြီး အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်နဲ့ အ နာဂတ်ဆက်ဆံရေး၊ ဆီးရီးယားအရေးနဲ့ပတ်သက်လို့ မီဒီယာကို ရှင်းပြခဲ့ပါတယ်။

သူက ဒေါ်နယ်ထရမ့်နဲ့ မဆွေးနွေးတာ (၄) နှစ်ရှိပြီဖြစ်ပေမယ့် တွေ့ဆုံဆွေးနွေးဖို့ အသင့်ရှိတယ် လို့ ပူတင်က ပြောပါတယ်။

ယူကရိန်းနိုင်ငံရှိ Dnipro မြို့ကို တိုက်ခိုက်ရာမှာ မကြာသေးမီက အသုံးပြုခဲ့တဲ့ Oreshnik ပဲ့ထိန်း ဒုံးကျည်ကို အနောက်နိုင်ငံတွေရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေက ကြားဖြတ်ဟန့်တားနိုင်စွမ်း မရှိဘူးလို့ ၎င်းက ဆိုပါတယ်။

ရုရှားက ကိယက်ဗ်မြို့ကို Oreshnik ပဲ့ထိန်းဒုံးကျည်နဲ့ တိုက်ခိုက်ဖို့ ပစ်မှတ်တစ်ခု ရွေးချယ်ကာ ယူကရိန်းက ဒုံးကျည်ကို ကြားဖြတ်ဟန့်တားဖို့ အနောက်နိုင်ငံတွေ ထောက်ပံ့ပေးထားတဲ့ ဒုံးခွင်းစနစ် တွေ တပ်ဆင်လိမ့်မယ်လို့ သူက ဆက်ပြောပါတယ်။

ဒီလအစောပိုင်းမှာ သူပုန်တွေရဲ့ထိုးစစ်ကြောင့် ဖြုတ်ချခံခဲ့ရတဲ့ မော်စကိုမြို့မှာ ခိုလှုံနေတဲ့ ဆီးရီး ယားအာဏာရှင်ဟောင်း ဘာရှားအာဆတ်ကို လွန်ခဲ့သော (၁၂) နှစ်က ပျောက်ဆုံးခဲ့တဲ့ အမေရိကန် သ တင်းထောက် အော်စတင်တိုက်အကြောင်း မေးမြန်းမယ်လို့ ပူတင်က ပြောပါတယ်။

ဒေသတွင်း မဟာမိတ်တွေ၊ ဆီးရီးယားနိုင်ငံရှိ အာဏာပိုင်တွေရဲ့ အကူအညီနဲ့ အမေရိကန်နိုင်ငံ က ရှာဖွေနေတဲ့ အော်စတင်တိုက်ကို ရှာဖွေရာမှာ ကူညီပေးဖို့ သူ့ရဲ့မိခင်ဖြစ်သူက ပူတင်ထံ စာရေးသားခဲ့ တယ်လို့ သိရပါတယ်။

မော်စကိုမြို့တော်မှာ ခိုလှုံခွင့်ပြုထားတဲ့ အာဆတ်ကို မတွေ့ရသေးပေမယ့် အမေရိကန် သတင်း ထောက် အော်စတင်တိုက် ဘယ်နေရာမှာရှိသလဲဆိုတာကို မေးမြန်းသွားမယ်လို့ ၎င်းက ဆိုပါတယ်။

ကိုးကား – ABC News
Ref; Putin says West’s air defenses have ‘no chance’ against Russian ballistic missile

#Ayeyarwaddy_Times