ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၀ ရက်

အာဏာသိမ်းစစ်ကောင်စီက ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်နေတယ်လို့ မြန် မာထိပ်တန်းသံတမန်တစ်ဉီးက ကြာသပတေးနေ့မှာ အိမ်နီးချင်းတိုင်းပြည်တွေကို အသိပေးခဲ့တယ်လို့ မီ ဒီယာသတင်းအရ သိရပါတယ်။

နိုင်ငံရေးလမ်းညွှန်မြေပုံ၊ လူဉီးရေသန်းခေါင်စာရင်းနဲ့ နိုင်ငံရေးပါတီ ၅၃ ခု မှတ်ပုံတင်မှု အပါအ ဝင် ရွေးကောက်ပွဲ ကြိုတင်ပြင်ဆင်မှုတွေနဲ့ပတ်သက်လို့ မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဉီး သန်းဆွေက တရုတ်နဲ့အိန္ဒိယ အပါအဝင် အိမ်နီးချင်း (၅) နိုင်ငံမှ အကြီးတန်း တာဝန်ရှိသူတွေကို ရှင်းပြခဲ့ တယ်လို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီး မာရစ်ဆန်ဂီယမ်ပွန်ဆာက သတင်းထောက်တွေကို ပြောပါတယ်။

“အိမ်နီးချင်းတိုင်းပြည်တွေက လေ့လာသူတွေအပါအဝင် ပြည်ပမှ လေ့လာသူတွေကို ဖိတ်ကြား မယ့် ရည်ရွယ်ချက်ရှိတယ်လို့လဲ သူက ပြောပါတယ်” မာရစ်က ဆိုပါတယ်။

ယနေ့ပြုလုပ်မယ့် မြန်မာ့အိမ်နီးချင်းတိုင်းပြည်တွေမှ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ကိုယ်စားလှယ် တွေရဲ့ အစည်းအဝေးကို အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့ တက်ရောက်မှာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံမှာ ပဋိပက္ခဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဒီမိုကရေစီအင်အားစုတွေရဲ့ ခုခံတော်လှန်မှုကို ရင်ဆိုင်နေရပါ တယ်။

အရပ်သားသေဆုံးမှုဟာ ၆၀၀၀ ကျော်အထိ ရောက်ရှိလာပြီဖြစ်လို့ နိုင်ငံတကာရဲ့ မြန်မာ့အရေး တုံ့ပြန်မှုဟာ လမ်းကြောင်းမှန်ရမယ်လို့ ကုလသမဂ္ဂ ကျွမ်းကျင်သူတွေက ဒီအစောပိုင်းမှာ ထောက်ပြခဲ့ပါ တယ်။

ရိုဟင်ဂျာမူဆလင်တွေကို နှင်ထုတ်မှုနဲ့ ဖိနှိပ်မှုကြောင့် မြန်မာစစ်ကောင်စီ အကြီးအကဲ မင်း အောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ရေး ကြိုးပမ်းမယ်လို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) မှ ရှေ့နေ က ပြီးခဲ့တဲ့လအတွင်း ကြေညာခဲ့ပါတယ်။

ကိုးကား – Anadolu
Ref; Myanmar to hold election in 2025, top diplomat tells neighboring countries

#Ayeyarwaddy_Times