ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၉ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့သို့ ဒီဇင်ဘာလအတွင်း ရခိုင်ပြည်နယ်မှ စစ်ဘေးရှောင်များဆက်တိုက်၀င်ရောက်နေကြောင်း သတင်းရရှိသည်။

အဆိုပါ ရခိုင်စစ်ဘေးရှောင်များကို စစ်ကောင်စီတပ်နှင့် အုပ်ချုပ်ရေးပိုင်းမှ စည်းကမ်းတင်းကြပ်ထားပြီး မြို့ပြင်ထွက်ခွင့် နှင့် သစ်တောများအတွင်း ဝင်ရောက်ခွင့်များပိတ်ထားကြောင်း သိရှိရသည်။

“စစ်ဆေးရေးဂိတ်မှာ ရခိုင်မှတ်ပုံတင်တွေ့တာနဲ့ အခြားမြို့တွေကိုပေးမသွားဘူး။ တောတက်ပြီး ထင်းခုတ်၊ဝါးရှာခွင့်လုံး၀လုပ်ခွင့်မပေးဘူး “ဟု ရခိုင်စစ်ဘေးရှောင်အမျိုးသားတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် ရခိုင်ပြည်နယ် ဂွနှင့်အမ်းမြို့များမှ စစ်ဘေးရှောင်သူ ၅၀၀ကျော်ရောက်ရှိနေပြီး ဒေသခံများ၏နေအိမ်များကို ဌားရမ်းနေထိုင်ခြင်းနှင့် အုန်းခြံများတွင် နေအိမ်ဆောက်လုပ်၍ နေထိုင်ခြင်းကြကြောင်း သိရှိရသည်။

လက်ရှိတွင် ဧရာ၀တီတိုင်းနှင့်ထိစပ်နေသော ရခိုင်ပြည်နယ်တွင် ရခိုင့်တပ်တော် AA နှင့်စစ်ကောင်စီတို့ကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး စစ်ဘေးရှောင်ပြည်သူများသည် ပုသိမ်၊ရေကြည်၊ ငါးသိုင်းချောင်း၊ရွှေသောင်ယံ၊ သာပေါင်းမြို့များသို့ ရွှေ့ပြောင်းနေထိုင်နေရကြောင်း သိရသည်။

#ရွှေသောင်ယံမြို့ #ရခိုင်စစ်ဘေးရှောင် #စစ်ကောင်စီ #သွားလာခွင့်များတင်းကြပ်ထား #Ayeyarwaddy_Times