ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၅ ရက်

ယူကရိန်းသို့ လိုအပ်နေတဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ထောက်ပံ့ဖို့ နေတိုးအဖွဲ့ဝင် နိုင်ငံတွေက အကောင်းဆုံး ကြိုးပမ်းမယ်လို့ နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် မတ်ခ်ရုတေးက ပြောပါ တယ်။

တရုတ်နိုင်ငံဟာ အဖျက်အမှောင့်အပြုအမူတွေ၊ ဆိုက်ဘာရာဇဝတ်တွေမှတစ်ဆင့် နေတိုးအဖွဲ့ ဝင်နိုင်ငံတွေ မတည်မငြိမ်ဖြစ်အောင် ကြိုးပမ်းနေတယ်လို့ ယူကရိန်း စွမ်းအင်ဆိုင်ရာ အခြေခံအဆောက် အအုံတွေအပေါ် ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ရည်ညွှန်းပြီး ၎င်းက ပြောပါတယ်။

တရုတ်နိုင်ငံရဲ့ ခြိမ်းခြောက်မှုကိုတန်ပြန်ဖို့ နေတိုးအဖွဲ့ဟာ ထောက်လှမ်းရေးသတင်းတွေ မျှဝေ တာ အပါအဝင် လိုအပ်တဲ့ခြေလှမ်းတွေ ထပ်မံ လုပ်ဆောင်မယ်လို့ ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဘရပ်ဆဲမြို့ တော်မှာကျင်းပတဲ့ နေတိုးအဖွဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးရဲ့ ဒုတိယရက်မှာ သူက မီဒီယာ တွေကို ပြောပါတယ်။

ရုရှားတိုက်ခိုက်မှုတွေကို ရင်ဆိုင်ရာမှာ ယူကရိန်းနိုင်ငံက စည်းလုံးညီညွတ်သင့်ပြီး နေတိုးအဖွဲ့ က အဆုံးသတ်အထိ ယူကရိန်းကို ပံ့ပိုးကူညီဖို့ သံန္နိဌာန်ချထားတယ်လို့ သူက ပြောပါတယ်။

ယူကရိန်းနိုင်ငံရဲ့ ဓာတ်အားပေးစနစ် လည်ပတ်ရေး အရေးပါတယ်လို့ ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီး အန်ဒရေဆိုင်ဘီဟာနဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ၎င်းက ပြောကြားခဲ့ပါတယ်။

“ယူကရိန်းနိုင်ငံမှာ ဆောင်းရာသီ ဓာတ်အားပြတ်တောက်လို့ မရပါဘူး။ ဒီကိစ္စကို နေတိုးအဖွဲ့ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဆွေးနွေးခဲ့ပါတယ်” လို့ သူက ဆိုပါတယ်။

ယူကရိန်းသို့ လေကြာင်းရန်ကာကွယ်ရေးစနစ်တွေ ပံ့ပိုးဖို့ အကောင်းမွန်ဆုံး လုပ်ဆောင်နေပြီး ဖြစ်နိုင်သမျှ ယူကရိန်းနိုင်ငံ ဘေးကင်းစေဖို့ လုပ်ဆောင်စရာတွေ များစွာ ရှိသေးတယ်လို့ ၎င်းက ပြောပါ တယ်။

ကိုးကား – Anadolu
Ref; NATO member states will do their best to provide Ukraine with more air defense: Alliance chief

#Ayeyarwaddy_Times