
ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၇ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် တက္ကသိုလ်ကျောင်းသား ကျောင်းသူများကိုပါ စစ်ကောင်စီတပ်က စစ်ပညာသင်ကြားမှုများပြုလုပ်နေကြောင်း သတင်းရရှိသည်။
ပုသိမ်မြို့ရှိ တက္ကသိုလ်များမှ ကျောင်းသားကျောင်းသူများအားခေါ်ယူကာ အောက်တိုဘာလ ပထမပတ်ကစတင်ကာ စစ်ပညာသင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံကျောင်းသားများထံမှသိရသည်။
“ တက္ကသိုလ်ကျောင်းသားတွေ အကုန်လုံးတော့ မဟုတ်ဘူး။ အပတ်စဉ်ခွဲတမ်းနဲ့ တက်ရတဲ့ ပုံစံမျိုးပါ။ သင်တန်းက ၁ လသင်တန်းထင်တယ်”ဟု ပုသိမ်မြို့ခံ အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။
တက္ကသိုလ်ကျောင်းသားများအား စစ်သင်တန်းပေးသည့် အခမ်းအနားကို ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် စစ်တိုင်းမှုတက်ရောက်ပြီး အမှားစကားပြောကြားမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါစစ်သင်တန်းကို ၁ လကြာပြုလုပ်ခဲ့ပြီး နိုဝင်ဘာလ ပထမတ်အတွင်း သင်တန်းဆင်းပွဲပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီတပ်အသိုင်းဝိုင်းမှ သိရသည်။
#ဧရာဝတီတိုင်း #ပုသိမ်မြို့ #စစ်သင်တန်း #Ayeyarwaddy_Times