ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၂ ရက်

ဥရောပသမဂ္ဂဟာ ရုရှားနဲ့စစ်ပွဲအတွက် ယူကရိန်းနိုင်ငံသို့ အမြောက်ကျည် ၉၈၀၀၀၀ ကျော် ထောက်ပံ့ခဲ့သလို ဒီနှစ်အကုန်မှာ အမြောက်ကျည်တစ်သန်းပြည့်အောင် ထောက်ပံ့မယ်လို့ အီးယူ နိုင်ငံ ခြားရေးမူဝါဒ အကြီးအကဲ ဂျိုးဇက်ဘော်ရယ်လ်က တနင်္လာနေ့မှာ ပြောပါတယ်။

ဥရောပသမဂ္ဂဟာ ကနဉီးမှာ ယခုနှစ် မတ်လမတိုင်မီ ယူကရိန်းသို့ ၁၅၅ မမ အမြောက်ကျည် တစ်သန်း ပေးအပ်ဖို့ ရည်ရွယ်ခဲ့ပေမယ့် ရည်မှန်းချက်ပြည့်မီဖို့ ထုတ်လုပ်မှုစွမ်းရည် မလုံလောက်ခဲ့ဘူးလို့ တာဝန်ရှိသူတွေက နောက်ပိုင်းမှာ ပြောကြားခဲ့ပါတယ်။

“နွေဉီးမတိုင်မီ ဒီရည်မှန်းချက်ပြည့်မီဖို့ ကျွန်တော်တို့ ကတိပြုခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဒီနှစ်မကုန်မီ ဒီရည်မှန်းချက် လုပ်ဆောင်နိုင်ပါတယ်” လို့ ဂျိုးဇက်ဘော်ရယ်လ် က ပြောပါတယ်။

ချက်သမ္မတနိုင်ငံ ဦးဆောင်တဲ့ သီးခြားအစီအစဉ်အရ ဒီနှစ်မကုန်မီ ယူကရိန်းသို့ အမြောက်ကျည် ဆံ ၅၀၀၀၀၀ ပေးအပ်မယ်လို့ ချက်ဝန်ကြီးချုပ် ပီတာဖီယာလာက ပြောပါတယ်။

မဟာမိတ်တွေအပေါ် စစ်ရေးအကူအညီ မှီခိုရမှု လျှော့ချဖို့နဲ့ အချိန်မီ စစ်လက်နက်တေွ ထောက် ပံ့နိုင်ရေး ယူကရိန်းနိုင်ငံက ပြည်တွင်းစစ်လက်နက်ထုတ်လုပ်မှု တိုးမြှင့်လျက်ရှိပါတယ်။

ယူကရိန်းနိုင်ငံဟာ ရုရှားကျူးကျော်စစ်မတိုင်မီ မော်တာကျည်ဆံ ထုတ်လုပ်မှုကို သုညမှ လက်ရှိ တစ်နှစ်လျင် သန်းချီအထိ ထုတ်လုပ်မှု တိုးမြှင့်ခဲ့တယ်လို့ ယူကရိန်း ထိပ်တန်းတာဝန်ရှိသူတစ်ဉီးက ပြော ပါတယ်။

ကိုးကား – Reuters
Ref; EU has supplied Ukraine with over 980,000 shells, Borrell says

#Ayeyarwaddy_Times