
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၀ ရက်
ဧရာ၀တီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ် အတွင်းရှိ ကျေးရွာများတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများက အကြောင်းအမျိုးမျိုးပြကာ ပြည်သူများထံက ငွေကောက်ခံနေကြကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
မြို့နယ်အတွင်းမှ ကျွဲခြံချောင်းဖျား၊ကညင်ချောင်း၊ နွားရေကျော်ကျောင်းစု၊ဆပ်လူး စသည့်ကျေးရွာများတွင် နေအိမ်အချို့ကို သန်းခေါင်စာရင်းကောက်ယူသည့်အဖွဲ့နှင့်ပြည်သူ့စစ်များကို ဧည့်ခံစားရိတ်ဟုဆိုကာ ငွေကောက်ခံနေကြောင်း သိရသည်။
“တစ်အိမ်ကိုကျပ်ငါးထောင်နဲ့ တစ်သောင်းကြားထည့်ဖို့လိုက်ကောက်နေတာ။ အုပ်စုအုပ်ချုပ်ရေးမှူးကိုယ်တိုင်ပါတယ်။ ထည့်လိုက်ရတာ အိမ်ခြေ ၃၀၀ နီးပါးလောက်တော့ရှိတယ်”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်မ်းကိုပြောသည်။
ထို့အပြင်ပြီးခဲ့သည့် အောက်တိုဘာလ ဒုတိယပတ်အတွင်းကလည်း နွားရေကျော်ကျောင်းစု ကျေးရွာအုပ်စုအတွင်းရှိ နေအိမ်၄၀၀ခန့်ကို အုပ်ချုပ်ရေးမှူးဦးစံငွေဆိုသူမှ ရွာလုံခြုံရေးကင်းတဲဆောက်ရန်အတွက်ဟုဆိုကာ တစ်အိမ်ကို ၅၀၀၀ ကျပ်နှုန်းကောက်ယူခဲ့ကြောင်း ဒေသခံများကဆိုသည်။
ဧရာ၀တီတိုင်းရှိ ကျေးရွာများတွင် အုပ်ချုပ်ရေးမှူးများမှ ခေါင်းစဥ်အမျိုးမျိုးတပ်ကာ ပြည်သူများထံမှငွေတောင်းခံခြင်းနှင့် ဒဏ်ရိုက်ခြင်းများကို စိတ်တိုင်းကျပြုလုပ်နေကြပြီး တိုင်ကြားသော်လည်း အရေးယူခြင်းမရှိကြောင်း ဒေသခံများထံက သိရသည်။
#မော်လမြိုင်ကျွန်းမြို့နယ် #ရပ်ကျေးအုပ်ချုပ်ရေးမှူးများ #အကြောင်းအမျိုးမျိုးပြ #ငွေကောက်ခံ #Ayeyarwaddy_Times