
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၅ ရက်
ရုရှားနိုင်ငံက မြောက်ကိုရီးယားနဲ့ အပြုသဘောဆောင်တဲ့ နှစ်နိုင်ငံဆက်ဆံရေး တိုးချဲ့ဖို့ သံန္နိဌာန်ချထား တယ်လို့ သမ္မတ ဗလာဒီမာပူတင်က ပြောပါတယ်။
နှစ်နိုင်ငံဆက်ဆံရေး တိုးချဲ့မှုက နှစ်နိုင်ငံစလုံးရဲ့ အကျိုးစီးပွားဖြစ်လာမယ်လို့ မြောက်ကိုရီးယား လွတ် လပ်ရေးနေ့မှာ ခေါင်းဆောင် ကင်ဂျုံအန်ထံပေးပို့တဲ့ သဝမ်လွှာတစ်စောင်အတွင်း ပူတင်က ပြောပါတယ်။
နှစ်နိုင်ငံဆက်ဆံရေးဟာ ဂျပန်တို့အပေါ် အောင်နိုင်ခဲ့တဲ့ ဒုတိယကမ္ဘာစစ်အတွင်း ခိုင်မာလာခဲ့ပြီး ရဲဘော် ရဲဘက် ချစ်ကြည်ရင်းနှီးမှုက အားကောင်းလာတယ်လို့ ကင်ဂျုံအန်က ပြောပါတယ်။
နှစ်နိုင်ငံဆက်ဆံရေးတိုးချဲ့မှုက နှစ်နိုင်ငံအကျိုးစီးပွားနဲ့ ကိုက်ညီစေမယ်လို့ ပူတင်က ပြောကြားခဲ့ ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာ KCNA က ဆိုပါတယ်။
ရန်လိုသောတပ်ဖွဲ့တွေရဲ့ ခြိမ်းခြောက်မှု၊ ရန်စမှုတွေရှိနေချိန်မှာ နှစ်နိုင်ငံကြား မဟာဗျူဟာမြောက် ပူး ပေါင်းဆောင်ရွက်မှု၊ အားပေးထောက်ခံမှုနဲ့ သွေးစည်းညီညွတ်မှုက အမြင့်ဆုံးအဆင့် ရောက်ရှိလာခဲ့တယ်လို့ ကင် ဂျုံအန်က ပြောပါတယ်။
မြောက်ကိုရီးယားနိုင်ငံက ရန်လိုသောတပ်ဖွဲ့များကို အမည်တပ်မဖော်ပြခဲ့သော်လည်း အဆိုပါဝေါဟာရ ကို အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေကို ရည်ညွှန်းရာတွင် အသုံးပြုခဲ့ဖူးပါတယ်။
ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံအရှေပိုင်းက ခွဲထွက်ပြည်နယ်နှစ်ခုကို လွတ်လပ်တဲ့နိုင်ငံတွေအဖြစ် ကြေညာ ပြီးနောက် မြောက်ကိုရီးယားက ဇူလိုင်လအတွင်း အဲဒီနှစ်နိုင်ငံက တရားဝင် အသိအမှတ်ပြုခဲ့ပါတယ်။
လက်တုံ့ပြန်တဲ့အနေနဲ့ ရုရှားကျူးကျော်စစ်ကို ခုခံတွန်းလှန်နေတဲ့ ယူကရိန်းက မြောက်ကိုရီးယားနဲ့ သံ တမန်ဆက်ဆံမှုအားလုံး ဖြတ်တောက်ခဲ့ပါတယ်။
ကိုးကား – BBC
Ref; Russia vows to expand relations with North Korea