ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၆ ရက်

အီရန်နိုင်ငံရဲ့ မကြာသေးမီက ဒုံးကျည်တိုက်ခိုက်မှုတွေကို တန်ပြန်မယ့်အစီအမံတွေ မဆိုင်းမတွ လုပ်ဆောင်ဖို့ အစ္စရေးနိုင်ငံက ဆုံးဖြတ်မှာမဟုတ်ဖူးလို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောပါတယ်။

သောကြာနေ့က ဝါရှင်တန်ဒီစီမြို့တော်ရှိ အိမ်ဖြူတော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခု မှာ သူက အခုလို ပြောကြားခဲ့တာပါ။

“အစ္စရေးနိုင်ငံက အီရန်ရဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေကို အလျင်စလို တန်ပြန်မယ့်အစီအမံတွေ ချက်ချင်း ဆုံးဖြတ်မှာမဟုတ်ပါဘူး။ အဲဒီကိစ္စကို ဆွေးနွေးနေဆဲဖြစ်ပါတယ်” လို့ ၎င်းက ဆိုပါတယ်။

အီရန်ရေနံချက်စက်ရုံတွေအပေါ် အစ္စရေးနိုင်ငံက တိုက်ခိုက်နိုင်စွမ်းရှိ မရှိ မေးမြန်းရာမှာ “ကျွန် တော်သာ သူတို့နေရာမှာဆိုရင် အခြားအစားထိုးတိုက်ခိုက်စရာတွေကို စဉ်းစားပါမယ်” လို့ ဂျိုးဘိုင်ဒင်က ဖြေကြားခဲ့ပါတယ်။

အစ္စရေးနိုင်ငံက အီရန်ရေနံချက်စက်ရုံတွေကို တိုက်ခိုက်ရင် ထောက်ခံခြင်း ရှိ မရှိ သတင်း ထောက်တွေက ဂျိုးဘိုင်ဒင်ကို မေးမြန်းခဲ့ရာမှာ အဆိုပါကိစ္စကို ဆွေးနွေးနေတယ်လို့ ပြောပါတယ်။

အီရန်ရေနံချက်စက်ရုံတွေက အစ္စရေးရဲ့ တိုက်ခိုက်ဖို့ပစ်မှတ်တစ်ခု ဖြစ်လာနိုင်တယ်လို့ ထင်မြင် ယူဆချက်တွေ ကျယ်ကျယ်ပြန့်ပြန့်ရှိနေချိန်မှာ သူ့ရဲ့ မှတ်ချက်စကားကြောင့် ရေနံစျေးနှုန်း မြင့်တက်စေ ခဲ့ပါတယ်။

အရှေ့အလယ်ပိုင်းအရေးက နိုဝင်ဘာလမှာပြုလုပ်မယ့် အမေရိကန် သမ္မတရွေးကောက်ပွဲရလဒ် ကို သက်ရောက်စေနိုင်ပါတယ်။

ရွေးကောက်ပွဲကျင်းပဖို့ တစ်လခန့်သာ ကျန်တော့ချိန်မှာ အမေရိကန်အစိုးရဟာ မဲဆန္ဒရှင်တွေရဲ့ ပြစ်တင်ရှုတ်ချမှုကိုရှောင်ရှားဖို့ ဓာတ်ငွေ့စျေးနှုန်းတွေ မတက်အောင်ထိန်းနိုင်ဖို့ မျှော်လင့်နေပါတယ်။

ကိုးကား – NHK
Ref; Biden says Israel will not decide on Iran counterstrike immediately
#Ayeyarwaddy_Times