ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ အောက်တိုဘာ ၃ ရက်

ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်ရှိ ဒေသခံပြည်သူများ၏နေအိမ်များကို ပြီးခဲ့သည့် စက်တင်ဘာ လကုန်ပိုင်းမှစတင်၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့မှုများဆက်လက်လုပ်ဆောင်နေကြောင်း ဒေသခံများထံက သိရသည်။

မင်းတပ်မြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လူနေအိမ်များကို တစ်အိမ်တက်၊ တစ်အိမ်ဆင်း၍ လိုက်လံမီးရှိုခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ လူနေအိမ်များမီးလောင်နေဆဲဖြစ်ကြောင်းသိရသည်။

“မင်းတပ်မြို့၊ အနောက်ရပ်ကွက်ဘုရင့်နောင်လမ်းခွဲမှစပြီး မင်းတပ်၊ မတူပီ ကားလမ်းမကြီး တစ်လျှောက်ရှိ နေအိမ်များမီးလောင်နေပါတယ်။ ယခုလက်ရှိ ဝိတိုရိယဘော်ဒါဆောင်အောက်နားအထိ ရောက်နေပြီလို့ ကြားသိရပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ခလရ -၂၇၄ ကနေ ဓာတ်ဆီတွေ ဆိုင်ကယ် သုံးစီးနဲ့ သယ်ပြီးတော့ တစ်အိမ် တက်ဆင်း မီးရှို့နေကြတယ်လို့ ကြားသိရပါတယ်” လို့ မင်တပ်မြို့၊ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် မီးငြိမ်းသတ်ရန် သွားရောက်ကြသော ဒေသခံပြည်သူများကို စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူများအနေဖြင့် အနားမကပ်ရဲကြကြောင်းသိရသည်။

လက်ရှိမင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီတပ်က လူနေအိမ်များမီးရှို့မှုကြောင့် နေအိမ်စုစုပေါင်း ၁၀၀ ခန့်မီးလောင်ပျက်စီးနေပြီဖြစ်ကြောင်းသိရသည်။

ဓာတ်ပုံ-HKL

ပုံစာ- မင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီက မီးရှိုူ၍ မီးလောင်နေသော ဒေသခံများ၏နေအိမ်များကို တွေ့ရစဉ်
#မင်းတပ်မြို့ #လူနေအိမ်၃၀ကျော်မီးလောင် #မီးငြိမ်းရန်သွားရောက်သူများ #စစ်ကောင်စီတပ်ပစ်ခတ် #Ayeyarwaddy_Times