ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၄ ရက်

အိန္ဒိယနိုင်ငံက မြန်မာစစ်ကောင်စီရဲ့ နိုင်ငံရေးနဲ့ စစ်ရေးအတိုက်အခံတွေကို နယူးဒေလီမြို့တော် မှာကျင်းပမယ့် နှီးနှောဖလှယ်ပွဲတစ်ခုသို့ ဖိတ်ကြားခဲ့ရာ အနောက်နိုင်ငံတွေရဲ့ ဖယ်ကြဉ်ခံထားရတဲ့ ထိပ် တန်းစစ်ဗိုလ်ချုပ်ကြီးတွေနဲ့သာ ဆက်ဆံမှုရှိတဲ့ တောင်အာရှအင်အားကြီး အိန္ဒိယရဲ့ သိသာသော လုပ် ဆောင်ချက်တစ်ခု ဖြစ်လာခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှုမှာ စစ်တပ်က ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချပြီးနောက် ပြည်တွင်းစစ်ဖြစ်လာမှုက အိန္ဒိယနိုင်ငံရဲ့ မြန်မာနဲ့ ၁၆၅၀ ကီလိုမီတာရှိတဲ့နယ်စပ်နဲ့ မြန်မာနိုင်ငံရှိ အရေးပါသော အခြေခံအဆောက်အအုံစီမံကိန်းတွေကို မတည်မငြိမ်ဖြစ်စေပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ချင်း၊ ရခိုင်နဲ့ ကချင်ပြည်နယ်များမှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေကို နိုဝင်ဘာလလယ်မှာ နယူးဒေလီမြို့တော်မှာပြုလုပ်မယ့် နှီး နှောဖလှယ်ပွဲသို့တက်ရောက်ဖို့ ဖိတ်ကြားခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

အဆိုပါအခမ်းအနားကို အိန္ဒိယအစိုးရက ငွေကြေးပံ့ပိုးထားတဲ့ ကမ္ဘာ့ရေးရာ အိန္ဒိယကောင်စီ (ICWA) က ကျင်းပမှာဖြစ်ပြီး အဆိုပါကောင်စီမှာ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး အက်စ်ဂျိုင်ရှန်ကာ ပါဝင် တယ်လို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်နှစ်ခုက ပြောပါတယ်။

“Constitutionalism and Federalism” လို့ အမည်ပေးထားတဲ့ ဆွေးနွေးပွဲမှာ မြန်မာစစ်ကောင်စီ ကို ဖိတ်ကြားထားခြင်း ရှိ မရှိ ရှင်းလင်းစွာ မသိရပါဘူး။

ချင်းအမျိုးသားတပ်ဉီး (CNF) ရဲ့ ဒုတိယဉက္ကဌ ရွှေခါးက “ကျွန်တော်တို့ ဆွေးနွေးပွဲမှာ ကိုယ်စား လှယ်တွေ စေလွှတ်မှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

“အိန္ဒိယနိုင်ငံက အတိုက်အခံအင်အားစုတွေနဲ့ ထိတွေ့ဆက်ဆံတာ ဒါက ပထမဆုံးအကြိမ်ဖြစ် မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါဟာ အလွန်ကောင်းတဲ့၊ အပြုသဘောဆောင်တဲ့ ချည်းကပ်မှုတစ်ခု ဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

ဖိတ်ကြားထားတဲ့ အခြားလက်နက်ကိုင်အဖွဲ့တွေထဲမှာ ရခိုင်ပြည်နယ်ရဲ့ ပိုင်နက်နယ်မြေအများစု ကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော် (AA) နဲ့ မြန်မာနိုင်ငံရဲ့ အင်အားအကြီးမားဆုံး လက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့လည်း ပါဝင်တယ်လို့ သတင်းရင်းမြစ်တွေ က ဆိုပါတယ်။

အနောက်အင်အားကြီးနိုင်ငံတွေက စစ်ကောင်စီကို ရှုတ်ချခဲ့ပြီး အနောက်နိုင်ငံအများစုက ဒဏ် ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပေမယ့် အိန္ဒိယနိုင်ငံဟာ အစိုးရနဲ့ စစ်ဘက်တာဝန်ရှိသူတွေကို နေပြည်တော် သို့ စေလွှတ်ပြီး မြန်မာဗိုလ်ချုပ်ကြီးတွေနဲ့ ထိတွေ့ဆက်ဆံမှု ပြုလုပ်ခဲ့ပါတယ်။

မြန်မာဗိုလ်ချုပ်ကြီးတွေ တရုတ်နိုင်ငံနဲ့ ပိုမို နီးကပ်သွားစေနိုင်လို့ အိန္ဒိယနိုင်ငံက မြန်မာစစ် ကောင်စီကို ပွင့်ပွင့်လင်းလင်း ဝေဖန်ဖို့ အင်တင်တင်ဖြစ်ခဲ့သလို အတိုက်အခံအင်အားစုတွေနဲ့လည်း အ လွတ်သဘော ထိတွေ့ဆက်ဆံမှု မပြုလုပ်ခဲ့ပါဘူး။

ဇူလိုင်လအတွင်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဂျိုင်ရှန်ကာက နယ်စပ်မတည်ငြိမ်မှုနဲ့ မြန်မာနိုင်ငံ ရှိ အိန္ဒိယစီမံကိန်းတွေအတွက် လုံခြုံရေးအန္တရာယ်တွေနဲ့ပတ်သက်လို့ စိုးရိမ်ကြောင်း ထုတ်ဖော်ပြောခဲ့ပါ တယ်။ “အိန္ဒိယက မြန်မာ့အရေး ဖြေရှင်းရာမှာ သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံဖို့ လမ်းဖွင့်ထား တယ်” လို့ ၎င်းက စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကို ပြောခဲ့ပါတယ်။

အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာ ဒေါ်လာ သန်း ၄၀၀ တန်ကြေးရှိ ကုလားတန်ဆိပ် ကမ်းနဲ့ အဝေးပြေးလမ်းမကြီးစီမံကိန်း ဖော်ဆောင်နေသလို မြန်မာနိုင်ငံမှတစ်ဆင့် ထိုင်းနိုင်ငံနဲ့ အရှေ့ မြောက်ပိုင်းရှိ ကုန်းတွင်းပိတ်ပြည်နယ်တွေကို ချိတ်ဆက်ပေးမယ့် ဒေါ်လာ သန်း ၂၅၀ ခန့် ကုန်ကျမယ့် အဝေးပြေးလမ်းမကြီးစီမံကိန်း ဆောင်ရွက်နေပါတယ်။

နိုဝင်ဘာလမှာကျင်းပမယ့် ဆွေးနွေးပွဲဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာ ဒီမိုက ရေစီအင်အားစုတွေကို ချည်းကပ်မယ့် အိန္ဒိယနိုင်ငံရဲ့ ကြိုးပမ်းမှုလို့ အိန္ဒိယ-မြန်မာအရေး အနီးကပ် စောင့်ကြည့်နေတဲ့ စင်ကာပူအခြေစိုက် သုတေသီတစ်ဉီးဖြစ်သူ အန်ရှူမန်ချောင်ဒူရီက ပြောပါတယ်။

“အိန္ဒိယနိုင်ငံက နယ်စပ်ဒေသတွေ လုံခြုံရေး၊ တည်ငြိမ်မှုနဲ့ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိနေဆဲဖြစ် ပါတယ်” လို့ ၎င်းက ပြောပါတယ်။

ကိုးကား – Bangkok Post
Ref; India extends unprecedented invite to Myanmar’s anti-junta forces: sources

#Ayeyarwaddy_Times