ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၈ ရက်

ဧရာ၀တီတိုင်း ၊ ပုသိမ်မြို့ ၊ အမှတ်(၅)ရပ်ကွက်သစ္စာလမ်းတွင်ရှိသော သတင်းတပ်ဖွဲ့ရုံးတွင် စက်တင်ဘာလ ၁၈ရက်နေ့နံနက်ပိုင်းက သတင်းရဲတပ်ဖွဲ့တပ်ကြပ်ကြီးက ဓါးဖြင့်ထိုးသောကြောင့် ဒုရဲမှူး တစ်ဥဦးသေဆုံးသွားကြောင်းနှင့် အရာရှိအချို့လည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရှိရသည်။

“ဖြစ်စဥ်ကမှန်တယ် တရားခံကိုလဲမိသွားပြီး ဖြစ်စဥ်ကိုတော့ပြောပြလို့မရဘူး။ အထက်ကလဲသတင်းကိုဖုံးထားဖို့ညွန်ကြားထားတယ်”ဟု မြို့နယ်ရဲတပ်ဖွဲ့ နှင့်နီးစပ်သူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

တိုင်စာကိစ္စကြောင့် စစ်ဆေးခံနေရသောတပ်ကြပ်ကြီးမင်းမင်းသည် မနက်လေးနာရီဝန်းကျင်က ဓါးဖြင့်ထိုးသောကြောင့် ဒုရဲမှူး အောင်ကိုမင်းသေဆုံးပြီး၊ ဒုရဲမှူး ဇော်မင်းနှင့် ဒုရဲမှူးကြီးနေအောင်လင်းဆိုသူတို့ ဓါးဒဏ်ရာများရရှိခဲ့ကာ ပုသိမ်ဆေးရုံသို့ ပို့ခဲ့ရခြင်းဖြစ်သည်။

ဓါးနှင့်ထိုးခဲ့သော တပ်ကြပ်ကြီးမင်းမင်းသည် ပုသိမ်မြို့တွင် သတင်းတပ်ဖွဲ့ ၀င်အဖြစ် ၁၈နှစ်ကြာ တာ၀န်ထမ်းဆောင်ခဲ့သူဖြစ်ပြိီး လောင်းကစား၊ မူးယစ်ဆေး၊သစ်မှောင်ခိုများကို ငွေကြေးတောင်းခံမှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပုသိမ်မြို့ရှိ တော်လှန်ရေးအင်အားစုများကိုဖမ်းဆီးခြင်းနှင့် အချို့မိသားစု၀င်များကို ခြိမ်းခြောက်ငွေညှစ်ခြင်းများ ပြုလုပ်ခဲ့သူဖြစ်ကြောင်း နိုင်ငံရေးအကျဥ်းသားဟောင်းများထံမှသိရှိရသည်။

ပုံစာ- တပ်ကြပ်ကြီးမင်းမင်း

#ပုသိမ် #သတင်းရဲတပ်ဖွဲ့ #တပ်ကြပ်ကြီး #ဓါးနှင့်ထိုး #ဒုရဲမှူးတစ်ဦးသေဆုံး #အရာရှိအချို့ထိခိုက်ဒဏ်ရာရ
#Ayeyarwaddy_Times