ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၁ ရက်

မေတ္တာရိပ်သင်ကြားရေးစင်တာမှ ကျောင်းသူ/ကျောင်းသားတွေကို ထိုင်းစာသင်ကျောင်းတွေထံ လွှဲပြောင်းပေးဖို့ အာဏာပိုင်တွေက အကြိမ်များစွာ တိုက်တွန်းခဲ့ပေမယ့် မပူးပေါင်းတာကြောင့် အဆိုပါ မြန်မာကျောင်းကို ပိတ်ပစ်တာလို့ ဆူရတ်ဌာနီပြည်နယ်ပညာရေးရုံးက ဖြေရှင်းပါတယ်။

ဆူရတ်ဌာနီပြည်နယ်ရှိ မြန်မာစာသင်ကျောင်းအားလုံး ပိတ်ပစ်ရတဲ့ စက်တင်ဘာလ ၄ ရက်က ဘန်ကွန်မြို့ရှိ တရားမဝင် ရွှေ့ပြောင်းကလေးငယ်များ သင်ကြားရေးစင်တာ ပိတ်ပစ်ရတဲ့အပေါ် ထိုင်း အမျိုးသား လူ့အခွင့်အရေးကော်မရှင်က စိုးရိမ်တဲ့အကြောင်း ထုတ်ဖော်ပြောပြီးနောက် ပြည်နယ်ပညာ ရေးရုံးက အခုလို ဖြေရှင်းချက်ထုတ်တာပါ။

မေတ္တာရိပ်ကျောင်းကို ပိတ်လိုက်တဲ့အတွက် မြန်မာကလေးငယ် ၂,၀၀၀ လောက် ပညာရေးတ ပိုင်းတစနဲ့ ရပ်ဆိုင်းလိုက်ရပါတယ်။

သက်ဆိုင်ရာအဖွဲ့အစည်းတွေဟာ ဉပဒေကြောင်းအရ အရေးမယူမီ မေတ္တာရိပ်သင်ကြားရေးစင် တာနဲ့ ပြဿနာကို ကြိမ်ဖန်များစွာ ဆွေးနွေးခဲ့ပြီး ကျောင်းသူ/ကျောင်းသားတွေရဲ့ အသေးစိတ်အချက်အ လက်တွေကို မှတ်တမ်းတင်ခဲ့တယ်လို့ ဆူရတ်ဌာနီပြည်နယ်ပညာရေးရုံး အကြီးအကဲ ချော့ဒီးဆရာသာ ကန်က မီဒီယာတွေကို ပြောပါတယ်။

ဆူရတ်ဌာနီပြည်နယ်ရှိ ပုဂ္ဂလိကနဲ့ အစိုးရစာသင်ကျောင်း ၉၂၈ ခုမှာ မြန်မာရွှေ့ပြောင်းကလေး ငယ်တွေ တက်ရောက်နိုင်တယ်လို့ သူက ဆိုပါတယ်။

ထိုင်းအစိုးရရဲ့ ပိတ်ပစ်မှုကြောင့် ကလေးငယ် ၃၀၀ ကျော်ကို နောက်ပိုင်းမှာ ဒေသန္တရ စာသင် ကျောင်းတွေထံ လွှဲပြောင်းပေးခဲ့ရတဲ့ Wat Pho Wai သင်ကြားရေးစင်တာရဲ့ အစောပိုင်းဖြစ်စဉ်ကို သူက ကိုးကားခဲ့ပါတယ်။

မေတ္တာရိပ်စာသင်ကျောင်းဟာ အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းဆန်ခဲ့ကာ ပြဿ နာဖြေရှင်းဖို့ ခက်ခဲမှုဖြစ်စေတဲ့ မြန်မာသင်ရိုးညွှန်းတမ်းကို အသုံးပြုဖို့ တောင်းဆိုခဲ့တယ်လို့ ၎င်းက ရှင်း ပြပါတယ်။

ဆူရတ်ဌာနီပြည်နယ်ပညာရေးရုံးဟာ ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ ကွန်ဗင်းရှင်းကို တင်းကျပ်စွာ လိုက်တာခဲ့တယ်လို့ ချော့ဒီးဆရာသာကန်က ပြောပါတယ်။

မြန်မာနိုင်ငံမှ ကလေးငယ်တွေအပါအဝင် နိုင်ငံခြားသားကလေးငယ် ၅၀ ကျော်ဟာ ဆူရတ်ဌာ နီပြည်နယ်ရှိ ထိုင်းစာသင်ကျောင်းတွေမှာ ကျောင်းအပ်နှံခဲ့ပြီး ထိုင်းကလေးငယ်များလို တူညီသော အ ခွင့်အရေးရရှိနေတယ်လို့ ၎င်းက ဆိုပါတယ်။

ကိုးကား – Bangkok Post
Ref; Education office defends closure of learning centre

#Ayeyarwaddy_Times