ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၀ ရက်

ဆွီဒင်နိုင်ငံက ၁၇ ကြိမ်မြောက် အကူအညီအဖြစ် ယူကရိန်းသို့ ဒေါ်လာ ၄၄၃ သန်း တန်ကြေးရှိ စစ်ရေးအကူအညီ ထပ်မံ ပေးပို့မယ်လို့ ကာကွယ်ရေးဝန်ကြီး ပေါလ်ဂျွန်ဆင်က တနင်္လာနေ့မှာ ပြောပါ တယ်။

ဆွီဒင်နိုင်ငံက ယူကရိန်းသို့ပေးအပ်မယ့် စစ်ရေးအကူအညီထဲမှာ သံချပ်ကာယာဉ်တွေအတွက် ခဲ ယမ်းမီးကျောက်တွေအပြင် အနာဂတ်မှာ Gripen ဂျက်တိုက်လေယာဉ်တွေ လွှဲပြောင်းပေးဖို့လည်း ပါဝင် ပါတယ်။

“နောက်ပိုင်းအဆင့်မှာ ကျွန်တော်တို့ ယူကရိန်းသို့ Gripen ဂျက်တိုက်လေယာဉ်တွေ ထောက်ပံ့ နိုင်တဲ့စွမ်းရည် ရှိချင်ပါတယ်” လို့ ပေါလ်ဂျွန်ဆင်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဆွီဒင်ရဲ့ ယခုအကူအညီထဲမှာ တိုက်ခိုက်ရေးရေယာဉ်တွေ၊ ဒုံးကျည်တွေနဲ့ ယူကရိန်းအတွက် စစ် လက်နက်တွေဝယ်ယူဖို့ ငွေကြေးလည်း ပါဝင်တဲ့အပြင် အဆိုပါအစီအမံတွေကို ယူကရိန်းနဲ့ ပူးပေါင်း ဆောင်ရွက်ပြီး ဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။

စစ်ရေးအကူအညီရဲ့ ထက်ဝက်ခန့်ဟာ ဆွီဒင်နိုင်ငံက သူ့လေတပ်အတွက် ထုတ်လုပ်ထားတဲ့ Gripen E ဂျက်တိုက်လေယာဉ်တွေ ထုတ်လုပ်ဖို့ အပိုအစိတ်အပိုင်းတွေဖြစ်ပါတယ်။

ကိုးကား – Reuters
Ref; Sweden announces $440 million support package for Ukraine

#Ayeyarwaddy_Times