ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၅ ရက်

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်က လက်နက်ကိုင်ပဋိပက္ခကြောင့် မကြာသေးမီက ရိုဟင်ဂျာ ၈၀၀၀ ဝန်းကျင် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ဝင်ရောက်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြံပေးပုဂ္ဂိုလ် တူ ဟက်ဟူစိန်က ပြောပါတယ်။

“ရိုဟင်ဂျာ ၈၀၀၀ ဝန်းကျင် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ဝင်ရောက်ခဲ့တယ်ဆိုတဲ့ အချက်အလက်တွေ ကျွန်တော့်မှာ ရှိပါတယ်။ ဒီပြဿနာနဲ့ပတ်သက်လို့ လာမယ့် ၃ ရက်အတွင်း အစိုးရအဖွဲ့ အစည်းအဝေး မှာ ကျွန်တော်တို့ ဆွေးနွေးမှာဖြစ်ပါတယ်” လို့ သူက သတင်းထောက်တွေကို ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက မူဝါဒအားဖြင့် နေရပ်ရှောင် ရိုဟင်ဂျာတွေကို ထပ်လက်မခံတော့ဖို့ ဆုံး ဖြတ်ထားတယ်လို့ ၎င်းက ဆိုပါတယ်။

ဖိနှိပ်ခံ ရိုဟင်ဂျာတွေကို စာနာမှုရှိပေမယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်တွေကို ထပ်မံ လက်ခံ နိုင်စွမ်းမရှိတော့ဘူးလို့ သူက ပြောပါတယ်။

မြန်မာနဲ့နယ်စပ်ကို ပိတ်ပစ်ခဲ့ပေမယ့် နယ်စပ်တစ်လျှောက် လုံးဝဉဿုံ လုံခြုံဖို့ကတော့ အခက် အခဲတွေရှိတယ်လို့ သူက ဝန်ခံပါတယ်။

“နယ်စပ်ကို ပိတ်ပစ်ဖို့က လုံးဝ မဖြစ်နိုင်ပါဘူး။ ဘင်္ဂလားဒေ့ရှ်အစိုးရက ရိုဟင်ဂျာတွေ ထပ်မံ ဝင် ရောက်လာတာကို ဟန့်တားဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်” လို့ ၎င်းက ဆက်ပြောပါတယ်။

ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေး အဆင်ပြေချောမွေ့ဖို့ ရခိုင်ပြည်နယ်မှာ လက်ရှိ နယ်မြေအများစု ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော် (AA) နဲ့ ဆက်သွယ်မှုလမ်းကြောင်းတစ်ခုဖွင့်ဖို့ လိုအပ်တယ်လို့ သူ က ထောက်ပြပါတယ်။

မြန်မာနိုင်ငံက ရိုဟင်ဂျာတွေကို ပြန်ခေါ်ဖို့ သဘောတူခဲ့ပေမယ့် ရခိုင်ပြည်နယ်မှာ ဘေးကင်းမှု၊ လုံခြုံမှုနဲ့ပတ်သက်လို့ ရိုဟင်ဂျာတွေက ယုံကြည်မှုမရှိတာကြောင့် နေရပ်ပြန်ပို့ရေး ကြိုးပမ်းမှုတွေ မ အောင်မြင်ခဲ့ပါဘူး။

ကိုးကား – BSS News
Ref; 8,000 more Rohingyas flee to Bangladesh: Foreign Adviser

#Ayeyarwaddy_Times