ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁ ရက်

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ မိတ္ထီလာ-ကျောက်ပန်းတောင်း လမ်းပိုင်းတွင် စစ်ကောင်စ၏ ရဲကားတစ်စီး တိုက်ခိုက်ခံရပြီး ခစန်းမှူးအပါအဝင် ကားပေါ်တွင်လိုက်ပါလာသည့် ရဲအားလုံးသေဆုံးကြောင်း သိရသည်။

ယမန်နေ့ ဩဂုတ် ၃၁ ရက်နေ့ ကျောက်ပန်းတောင်း-မိတ္ထီလာလမ်းပိုင်း၌ တော်လှန်ရေးတပ်ဖွဲ့များ စစ်ဆေးနေရာတွင် ကားရပ်မပေးဘဲ ထွက်ပြေးသည့် ရဲကားတစ်စီးကို လိုက်လံပစ်ခတ်ရာ ကားပေါ်ပါသူအားလုံး သေဆုံးသွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ထံမှ သိရ သည်။

“လမ်းပိုင်းမှာစစ်တော့ မောင်းပြေးတာ။ လိုက်ပစ်တာနောက်တဖွဲ့နဲ့ပါတွေ့ပြီး လိုက်ပစ်တော့ လမ်းဘေးမှာ မှောက်သွားတာ။ စခန်းမှူးအပါ အကုန်သေတယ်”ဟုမြင်းခြံခရိုင်တပ်ရင်းတာဝန်ရှိသူမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကျောက်ပန်းတောင်း-မိတ္ထီလာလမ်းပိုင်းတွင် ရှောင်တ ခင်စစ်ဆေးနေသည့် တော်လှန်ရေးတပ်ဖွဲ့များ တား မြစ်စစ်ဆေးသည်ကို လက်မခံဘဲ မောင်းပြေးသည့် MarkX တစီးမှာ ပစ်ခတ်ဖမ်းဆီးမှုကြောင့် လမ်းဘေးသို့ တိမ်းမှောက်ပျက်စီးသွားပြီး ကျောက်ပန်းတောင်း မြို့နယ်စခန်းမှူး ဒုရဲမှူးအောင်ကျော်ထွန်း၊ ဒုရဲအုပ်ရန် ရှင်း၊ တပ်ကြပ်မြတ်သူတို့ သုံးဦးလုံးသေဆုံးသွားကြောင်း သိရသည်။

အဆိုပါကားအတွင်းမှ BA 72 တလက်၊ BA 94 တလက်၊ BA 93 တလက်၊ ခြောက်လုံးပြူး နှစ်လက်၊ လက်ပစ် ဗုံးတလုံးနှင့် ငွေသားအချို့အပါအဝင် သက်ဆိုင်ရာ ကတ်အချို့ကိုပါ သိမ်းဆည်းရမိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။

ကျောက်ပန်းတောင်း-မိတ္ထီလာလမ်းပိုင်း ရှောင်တခင် စစ်ဆေးရေးကို မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်း၊ အမှတ် ၂ တပ်ရင်း၊ ညောင်ဦးခရိုင် အမှတ် ၁ တပ် ရင်း၊ တောင်သာမြို့နယ် ပကဖ၊ ကျောက်ပန်းတောင်း မြို့နယ် ပကဖ၊ LACR မြင်းခြံပကဖတို့က ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စခန်းမှူးနှင့် ရဲသုံးဦး မောင်းနှင်လာသည့်ကား မိတ္ထီလာ -ကျောက်ပန်းတောင်းအပြန်တွင်း ယင်းလမ်းပိုင်းမှ မောင်းနှင်လာမည်ဟု ကြိုတင်အသိပေးချက်အရ ကာကွယ်ရေးတပ်ဖွဲ့များက သွားရောက်စောင့်ဆိုင်းဖမ်းဆီးရာတွင် စစ်ဆေးမခံဘဲ ထွက်ပြေးသည့်အတွက် ပစ်ခတ်ဖမ်းဆီးရခြင်းဖြစ်ကြောင်း သိရသည်။

#မန္တလေး #ကျောက်ပန်းတောင်း #မိတ္ထီလာ #ရဲကား #ပစ်ခတ်ခံရ #စခန်းမှူး #၃ဦးသေဆုံး #Ayeyarwaddy_Times