ဧရာဝတီတိုင်းမ်
ဩဂုတ် ၃၀ ရက်

ဖိလစ်ပိုင်နိုင်ငံဟာ ဒေသတွင်း တင်းမာမှုတွေ ရင်ဆိုင်နေရတာကြောင့် အမေရိကန်ဒေါ်လာ ၃၃ ဘီလီယံ သုံးစွဲပြီး စစ်တပ်ကို တာလတ်ဒုံးကျည်တွေ၊ ခေတ်မီဂျက်တိုက်လေယာဉ်တွေနဲ့ အဆင့်မြှင့်တင် ချင်တယ်လို့ အကြီးတန်း လုံခြုံရေးအရာရှိနှစ်ဦးက ပြောပါတယ်။

ဖိလစ်ပိုင်နိုင်ငံက စစ်လက်နက်တွေဝယ်ယူဖို့ ကမ်းလှမ်းမှုတွေကို ပြန်လည်သုံးသပ်နေတယ်လို့ ကာကွယ်ရေးဝန်ကြီး ဂီလ်ဘာတိုတီယိုဒိုရိုက ကြေညာပြီးနောက် စစ်တပ်အကြီးအကဲ ရိုမီယိုဘရောင်နာ က သတင်းထောက်တွေကို အခုလို ပြောကြားခဲ့တာပါ။

“တာလတ်ဒုံးကျည်တွေ အပါအဝင် ခေတ်မီစစ်လက်နက်တွေ ကျွန်တော်တို့ ဝယ်ယူလိုပါတယ်” လို့ ဘရောင်နာက Baguio မြို့မှာ အမေရိကန် အာရှ-ပစိဖိတ်တပ်မှူး ဆင်မြူရယ်ပါပါရိုနဲ့ပြုလုပ်တဲ့ ပူး တွဲသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အမေရိကန်နိုင်ငံဟာ ဧပြီလက စစ်ရေးလေ့ကျင့်မှုအတွင်း ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းမှာ တာ လတ်ဒုံးကျည်တွေ ဖြန့်ကြက်ခဲ့ရာ တရုတ်နိုင်ငံက အမျက်ထွက်ခဲ့ပါတယ်။

ဂျက်တိုက်လေယာဉ် အစင်း ၄၀ ဝယ်ယူတာအပါအဝင် ပြည်ပကာကွယ်ရေးစွမ်းရည် မြှင့်တင်ဖို့ ဒေါ်လာ ၄၃ ဒသမ ၉ ဘီလီယံထက်မနည်း သုံးစွဲဖို့ ဖိလစ်ပိုင်နိုင်ငံက ပြင်ဆင်နေတယ်လို့ ကွန်ဂရက် ကြားနာမှုတစ်ခုအတွင်း ဂီလ်ဘာတိုတီယိုဒိုရိုက ပြောပါတယ်။

ဖိလစ်ပိုင်နိုင်ငံက တောင်ကိုရီးယားနိုင်ငံထုတ် FA-50s လိုမျိုး ဘက်စုံသုံး ဂျက်တိုက်လေယာဉ် တွေ လိုအပ်နေတယ်လို့ စစ်တပ်အကြီးအကဲ ဘရောင်နာက ပြောကြားခဲ့ပါတယ်။

ကိုးကား – Reuters
Ref; Philippines eyes mid-range missiles, 40 fighter jets to modernise military

#Ayeyarwaddy_Times