ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၃ ရက်

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်မှာ ဆိုးရွာလာ သော အခြေအနေကြောင့် အိုးအိမ်စွန့်ခွာရမှုတွေဖြစ်စေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြော ရေးဆိုခွင့်ရှိသူ စတီဖင်ဒူဂျာရစ်က ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် မောင်တောမြို့နယ်မှာ ထိခိုက်သေဆုံးမှုနဲ့ အိုးအိမ်စွန့်ခွာရ မှုတွေ ဖြစ်စေခဲ့ပြီး ဩဂုတ်လ ၅ ရက်မှာ မောင်တောမြို့ရဲ့ ရပ်ကွက် ၃ ခုကနေ လူ ၂၀၀၀၀ လောက် အိုးအိမ်စွန့်ခွာခဲ့ရတယ်လို့ သူက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဇွန်လနှောင်းပိုင်းကတည်းက တိုက်ပွဲတွေပြင်းထန်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြို့နယ် ၄ ခုကနေ ခန့်မှန်းချေ လူ ၃၃၀၀၀ အိုးအိမ်စွန့်ခွာခဲ့ရပြီး အရပ်သားတွေ သေဆုံးတာ၊ နေအိမ်နဲ့ အဆောက် အအုံတွေ ဖျက်ဆီးခံရတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဇွန်လကုန်နောက်ပိုင်း မိုးသည်းထန်စွာရွာသွန်းမှုက ရှိယင်းစွဲ လူသားချင်းစာနာမှု အခြေအနေကို ဆိုးရွားစေခဲ့ပြီး ရေကြီးရေလျှံမှုဒဏ်ကို လူ ၃၉၃၀၀၀ ဉီးခန့် ခံစားခဲ့ရတယ်လို့ သူက ဆိုပါ တယ်။

မြန်မာနိုင်ငံတစ်ဝှမ်း ပြည်သူ ၅ ဒသမ ၃ သန်းအထိ အကူအညီပေးရေး လက်လှမ်းမှီဖို့ ရည်မှန်း ထားတဲ့ ၂၀၂၄ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေးလုပ်ငန်းစီမံချက်ဟာ စစ်ဘေး ရှောင်တွေ၊ ဝေးလံခေါင်ဖျားဒေသတွေနဲ့ အကူအညီ အလိုအပ်ဆုံးဒေသတွေကို ပံ့ပိုးပေးနိုင်ဖို့ အလေး ထားနေတယ်လို့ သူက ပြောပါတယ်။

ဒီအစီအစဉ်ကို ဆောင်ရွက်နိုင်ဖို့ အမေရိကန်ဒေါ်လာ ၉၉၃ သန်း လိုအပ်ပေမယ့် လိုအပ်ချက်ရဲ့ ၂၃ ရာနှုန်းဖြစ်တဲ့ ဒေါ်လာ ၂၂၅ သန်းကိုသာ လက်ခံရရှိထားတယ်လို့ ၎င်းက ဆိုပါတယ်။
ဒီနှစ်အတွင်း ကုလသမဂ္ဂနဲ့ လူသားချင်းစာနာမှု မိတ်ဖက်အဖွဲ့တွေက မြန်မာနိုင်ငံတစ်ဝှမ်း ပြည် သူ ၂ ဒသမ ၁ သန်းကို ပံ့ပိုးကူညီနိုင်ခဲ့တယ်လို့ သူက ပြောပါတယ်။

ကိုးကား – https://press.un.or
Ref; Daily Press Briefing by the Office of the Spokesperson for the Secretary-General

#Ayeyarwaddy_Times