
ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၀ ရက်
ယူကရိန်းက ရုရှားနိုင်ငံအနောက်ပိုင်းမှာ နယ်စပ်ဖြတ်ကျော် ဝင်ရောက်တိုက်ခိုက်မှုကြောင့် မော် စကိုက ကိယက်ဗ်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ မပြုလုပ်ဖူးလို့ ရုရှားသမ္မတရုံး လက်ထောက်တစ်ဦးး ဖြစ်သူ ယူရီအူရှာကော့ဗ်က ပြောပါတယ်။
ရုရှားနိုင်ငံအနောက်ပိုင်း၊ Kursk ဒေသရဲ့ အခြေအနေကြောင့် လက်ရှိမှာ စေ့စပ်ညှိနှိုင်းမှုတွေ ပြု လုပ်လို့မရဘူးလို့ သူက ဆိုပါတယ်။
သမ္မတ ဗလာဒီမာပူတင် တင်ပြခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေစတင်ဖို့ အဆိုပြုချက်ဟာ တ ရားဝင်ဖြစ်ဆဲပဲလို့ ၎င်းက ပြောပါတယ်။
ရုရှားက တစ်ဖက်သတ် ကျူးကျော်ထားတဲ့ ဒေသ ၄ ခုမှ ယူကရိန်းတပ်ဖွဲ့တွေ ရုတ်သိမ်းတာပါ ဝင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အခြေအနေတွေကို ပူတင်က ဇွန်လအတွင်း အဆိုပြုခဲ့ပါတယ်။
ငြိမ်းချမ်းရေး ဆွေးနွေးဖို့ဖြစ်နိုင်ချေဟာ စစ်မြေပြင်အခြေအနေ အပါအဝင် အခြေအတွေအပေါ် မူတည်တယ်လို့ ယူရှာကော့ဗ်က ပြောပါတယ်။
Seym မြစ်ပေါ်က တံတားနှစ်စင်းအား ဖျက်ဆီးလိုက်တဲ့ ရုပ်သံဖိုင်တွေကို ယူကရိန်းတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပြီး အဆိုပါတိုက်ခိုက်မှုတွေဟာ ရုရှားစစ်တပ်ရဲ့ ထောက်ပံ့ပို့ဆောင်ရေးအတွက် ထိုးနှက်ချက် တစ်ခုလို့ ပြောပါတယ်။
ယူကရိန်းတပ်ဖွဲ့ရဲ့ တိုက်ခိုက်မှုတစ်ခုအတွင်း တတိယမြောက်တံတားတစ်စင်း ပျက်စီးခဲ့တယ်လို့ ရုရှားအာဏာပိုင်တွေက တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။
သမ္မတ ဇီလန်စကီးနဲ့တွေ့ဆုံဖို့ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီဟာ သောကြာနေ့မှာ ယူကရိန်း သို့ တရားဝင်ခရီးစဉ် လာရောက်မယ်လို့ နှစ်နိုင်ငံအစိုးရတွေက ပြောပါတယ်။
“ငြိမ်းချမ်းသော အဖြေတစ်ခုရှာဖွေဖို့ ဖြစ်နိုင်ဖွယ်ရာ အကူအညီအားလုံး ပံ့ပိုးပေးဖို့ အိန္ဒိယနိုင်ငံ က အဆင်သင့်ရှိပါတယ်” လို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြီးတန်း တာဝန်ရှိသူတစ်ဉီးက ပြော ပါတယ်။
ကိုးကား – NHK
Ref; Russia says no peace talks now, India PM to visit Ukraine
#Ayeyarwaddy_Times