
ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၀ ရက်
ပြီးခဲ့တဲ့ ၂ လအတွင်း မြန်မာလုပ်သား ၇၀၀ ကျော်ကို လစာပေးဖို့ ပျက်ကွက်ခဲ့တဲ့ ပရာချင်းဘူရီ ပြည်နယ်က တရုတ်ကုမ္ပဏီတစ်ခုရဲ့ပြဿနာကို ဖြေရှင်းပေးဖို့ ထိုင်း အလုပ်သမားဝန်ကြီး ဖီဖတ်ရတ်ချာ ကစ်ပရာကန်က တာဝန်ရှိသူတွေကို ညွှန်ကြားခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ပြီးခဲ့တဲ့သောကြာနေ့က မြန်မာရွှေ့ပြောင်းလုပ်သား ၇၀၀ ကျော်ဟာ လစာမရတဲ့ကိစ္စနဲ့ပတ် သက်လို့ Rojana စက်မှုဇုန်မှာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးဖို့ ဖီဖတ်က အလုပ်သမားကာကွယ်ပေးရေးနှင့် သက်သာချောင်ချိရေး ဌာန တာဝန်ရှိသူတွေကို ညွှန်ကြားခဲ့တယ်လို့ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Phumiphat Mueanchan က ပြောပါတယ်။
တရုတ်အစိုးရ ငွေကြေးပံ့ပိုးထားတဲ့ iFound PCP (Thailand) Co Ltd ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ၃ ထပ် လျှပ်စစ်ပစ္စည်း ထုတ်လုပ်ရေးစက်ရုံတည်ဆောက်ဖို့ မြန်မာအလုပ်သမားတွေကို Chang Cheng Co က အလုပ်ခန့်ခဲ့တာလို့ သတင်းရင်းမြစ်တစ်ဉီးက ပြောပါတယ်။
စက်ရုံတည်ဆောက်မှုကို ဖေဖော်ဝါရီလမှာ စတင်ခဲ့ပြီး လာမယ့်နှစ် မတ်လမှာ ပြီးစီးဖို့ သတ်မှတ် ထားပြီး လက်ရှိမှာ ၇၀ ရာခိုင်နှုန်း ပြီးစီးပြီလို့ အဆိုပါသတင်းရင်းမြစ်က ဆိုပါတယ်။
တရုတ်နိုင်ငံရှိ မိခင်ကုမ္ပဏီထံမှ ငွေကြေးလွှဲပြောင်းမှုတွေ ကြန့်ကြာမှုကြောင့် ဇွန်လမှစပြီး အ လုပ်သမားတွေရဲ့ လစာပေးချေမှု နောက်ကျခဲ့တာလို့ ဝန်ကြီးဌာနရဲ့ ကနဉီး စုံစမ်းစစ်ဆေးမှုအရ သိရ တယ်လို့ Phumiphat Mueanchan က ပြောပါတယ်။
လတ်တလော ပြေလည်ရေးအတွက် လစာမရတဲ့ မြန်မာလုပ်သားတွေကို ဘတ် ၅၀၀ စီ ထောက် ပံ့ဖို့ အလုပ်သမားဝန်ကြီးဌာနမှ အာဏာပိုင်တွေနဲ့ ကုမ္ပဏီကိုယ်စားလှယ်တွေက ဆောင်ရွက်ခဲ့တယ်လို့ ဖီဖတ်က ပြောပါတယ်။
မြန်မာအလုပ်သမားတွေရဲ့ ဆန္ဒပြပွဲဟာ ပုဂ္ဂလိကကပိုင် အဆောက်အအုံဝန်းမှာ ဖြစ်ပွားခဲ့လို့ တ ရားဝင်တယ်လို့ Phumiphat Mueanchan က ဆိုပါတယ်။
ကိုးကား – Bangkok Post
Ref; Govt to solve Prachin Buri wage woes
#Ayeyarwaddy_Times