
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၉ ရက်
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ အရေးပါတဲ့ အထည်ချုပ်လုပ်ငန်းအတွက် ပံ့ပိုး ကူညီမှု ဆက်လက်ပြုလုပ်မယ်လို့ နိုဘယ်ဆုရှင်နဲ့ ခေါင်းဆောင်သစ် မူဟမ်မက်ယူနွတ်က ပထမဆုံး မူဝါ ဒဆိုင်ရာမိန့်ခွန်းမှာ ထည့်သွင်းပြောခဲ့ပါတယ်။
ကြားဖြတ်အစိုးရအဖွဲ့ရဲ့ အရေးကြီးဆုံး မူဝါဒစိန်ခေါ်မှုနှစ်ခုကို ဆက်လက်လုပ်ဆောင်မယ်လို့ သံ တမန်တွေ၊ ကုလသမဂ္ဂ ကိုယ်စားလှယ်တွေရဲ့ရှေ့မှာ ယူနွတ်က သူ့ရဲ့ဦးစားပေးလုပ်ငန်းတွေကို ကတိပြု ခဲ့ပါတယ်။
“ကျွန်တော်တို့အစိုးရအဖွဲ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာတစ်သန်းကျော်ကို ပံ့ပိုး ကူညီမှု ဆက်လက်ပြုလုပ်မှာဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။
ရိုဟင်ဂျာတွေ မြန်မာနိုင်ငံသို့ ဘေးကင်းလုံခြုံစွာဖြင့် ဂုဏ်သိက္ခာရှိရှိ အခွင့်အရေးအပြည့်အဝနဲ့ နေရပ်ပြန်နိုင်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ စဉ်ဆက်မပြတ်သော ကြိုးပမ်းမှုတွေ လိုအပ်တယ်လို့ ၎င်း က ပြောပါတယ်။
၂၀၁၇ ခုနှစ်မှာ မြန်မာစစ်တပ်ရဲ့ နှိမ်နင်းမှုကြောင့် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သို့ ထွက်ပြေးလာခဲ့ပြီး အဆိုပါဖြစ်စဉ်ကို ကုလသမဂ္ဂ တရားရုံးတစ်ရုံးက လူမျိုးသုဉ်းသတ်ဖြတ်မှုအဖြစ် စုံစမ်းစစ်ဆေးနေပါတယ်။
“ကျွန်တော်တို့အတွက် အရေးပါတဲ့ ကမ္ဘာ့အထည်အလိပ် ထောက်ပံ့ရေးလမ်းကြောင်းကို ဟန့် တားဖို့ ကြိုးပမ်းမှုမှန်သမျှကို သည်းညည်းခံမှာ မဟုတ်ပါဘူး” လို့ သူက ဆက်ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အထည်ချုပ်စက်ရုံ ၃၅၀၀ ခန့်ရှိပြီး အထည်ချုပ်တင်ပို့မှုမှဝင်ငွေဟာ တိုင်း ပြည်ရဲ့ပို့ကုန် ဒေါ်လာ ၅၅ ဘီလီယံရဲ့ ၈၅ ရာခိုင်နှုန်းဝန်းကျင် ရှိတယ်လို့သိရပါတယ်။
ရွေးကောက်ပွဲကော်မရှင်၊ တရားရေးနယ်ပယ်၊ အရပ်ဘက်အုပ်ချုပ်ရေး၊ လုံခြုံရေးတပ်ဖွဲ့နဲ့ မီဒီ ယာကဏ္ဍမှာ အရေးပါသော ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ပြီးပါက လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကျင်းပဖို့လည်း ယူနွတ်က သံန္နိဌာန်ချခဲ့ပါတယ်။
ကိုးကား – AFP
Ref; Bangladesh’s Yunus reassures on Rohingya refugees, garment exports
#Ayeyarwaddy_Times