
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၂ ရက်
၂၀၂၃ ခုနှစ်အကုန်မှာ မြန်မာနိုင်ငံအရှေ့မြောက်ပိုင်း ရှမ်းပြည်နယ်မှာ တိုင်းရင်းသား မဟာမိတ်တပ်ဖွဲ့ တွေရဲ့ ထိုးစစ်ဆင်မှုတွေကို မြန်မာပြည်တွင်းစစ်မှာ အရေးပါသော အပြောင်းအလဲတစ်ခုအဖြစ် မကြာခ ဏ ဖော်ပြလေ့ရှိပါတယ်။
အနိုင်ယူဖို့ မဖြစ်နိုင်လောက်အောင် အင်အားကြီးမားလွန်းတဲ့ မြန်မာစစ်တပ် ဆိုပြီး ထင်ခဲ့ပေမယ့် အဲဒီစစ်တပ်ကို ချေမှုန်းပစ်နိုင်ပါလားဆိုတဲ့ သက်သေလည်း ဖြစ်ခဲ့ပါတယ်။
တရုတ်နိုင်ငံ ကြားဝင်ညှိနှိုင်းခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ဇွန်လကုန်မှာ ကျိုးပျက်ခဲ့ပြီး နောက် တိုက်ပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် ပြန်ဖြစ်လာတာနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ မြို့တော်လားရှိုး ကို စစ်ကောင်စီက ဆုံးရှုံးလိုက်ရတာတွေကြောင့် မြန်မာနိုင်ငံရဲ့လားရာက အရင်နဲ့အခု လုံးဝ မတူနိုင် တော့တာကို ဆိုလိုပါတယ်။
မြန်မာနိုင်ငံမြောက်ပိုင်းမှာ တိုက်ပွဲတွေက မြန်မာပဋိပက္ခကို အခြေခံကျသော နည်းလမ်းသုံးခုနဲ့ ပြောင်း လဲစေခဲ့ပါတယ်။ အရေးကြီးတာက အဲဒီသုံးချက်စလုံးဟာ မည်သည့်ထိန်းချုပ်မှုမှမရှိဘဲ သူ့အရှိန်နဲ့သူ သွားနေခဲ့တာပါ။ ဒါပေမယ့် ပထဝီနိုင်ငံရေး ဂယက်ရိုက်ခတ်မှုကိုတော့ ပြည်တွင်းရော၊ ပြည်ပမှာပါ ခံစား ရပါလိမ့်မယ်။
ပထမဆုံးနဲ့ မြန်မာ့နိုင်ငံရေးပဋိပက္ခကို အကြီးမားဆုံး ပြောင်းလဲသွားစေနိုင်မယ့် အချက်ကတော့ စစ်ရေး စွမ်းရည်ရှိပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို သစ္စာခံထားကြသော ဗမာတိုင်းရင်းသားတွေ ဦးဆောင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေ မြန်မာပြည်အလယ်ပိုင်းကို ထိုးစစ်ဆင်လာတာပါ။
ဒီနှစ် ဇွန်လ ၂၅ ရက်မှာ “စစ်ဆင်ရေး ၁၀၂၇” ဒုတိယလှိုင်းကို ဖွဲ့စည်းပုံနဲ့ အုပ်ချုပ်ထောက်ပံ့မှုလမ်း ကြောင်းအရ မတူညီတဲ့ စစ်မျက်နှာပြင်သုံးခုမှာ စတင်ခဲ့ပါတယ်။
“အဝေးပြေးလမ်း စစ်မျက်နှာ” လို့ ခေါ်ဆိုနိုင်မယ့် စစ်မျက်နှာပြင်မှာ မြန်မာပြည်အလယ်ပိုင်း မန္တလေးနဲ့ ရှမ်းပြည်မြောက်ပိုင်းရဲ့မြို့တော် လားရှိုးမြို့ကြား အဝေးပြေးလမ်းမကြီးတလျှောက် နောင်ချို၊ ကျောက်မဲ နဲ့ သီပေါမြို့တွေကို သိမ်းပိုက်နိုင်ဖို့ လိုအပ်ခဲ့ပါတယ်။
အဆိုပါတာဝန်ကို ရှမ်းပြည်နယ်အနောက်မြောက်ပိုင်း လက်ဖက်စိုက်ပျိုးရာ တောင်ပေါ်ကျေးလက်မှာ အ ဓိကအခြေစိုက်ပြီး အင်အား ၁၁၀၀၀ ဝန်းကျင်ရှိမယ့် တအောင်းအဖွဲ့ (TNLA) က တာဝန်ယူပါတယ်။ လားရှိုးမြို့ကို အဓိက အာရုံစိုက်မယ့် ဒုတိယစစ်မျက်နှာပြင်ကိုတော့ TNLA ရဲ့မဟာမိတ် ကိုးကန့်အဖွဲ့ (MNDAA) က တာဝန်ယူပါတယ်။
“စစ်ဆင်ရေး ၁၀၂၇” မတိုင်ခင် လူဦးရေ ၂၀၀၀၀၀ ခန့် နေထိုင်ပြီး စစ်တပ်အင်အား ၆၀၀၀ နီးပါး ရှိမယ် လို့ ခန့်မှန်းရတဲ့ လားရှိုးမြို့က ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ မဟာဗျူဟာအချက်အခြာနေရာဖြစ်ပြီး ဩ ဂုတ်လ ၃ ရက်နေ့ လားရှိုးမြို့မကျခင်အထိ မြန်မာစစ်တပ်ရဲ့ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တည် ရှိခဲ့ပါတယ်။
ဇွန်လကုန်နဲ့ ဇူလိုင်လအတွင်း ရှမ်းပြည်နယ် စစ်မျက်နှာပြင်နှစ်ခုစလုံးမှာ တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ် ပွားခဲ့ပါတယ်။ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေက အခိုင်အမာ ခံစစ်ပြင်ထားတဲ့ မြန်မာစစ်တပ်ရဲ့ တပ် ရင်းဌာနချုပ်တွေကို သိမ်းပိုက်ပြီး မြို့တွေကို သိမ်းယူခဲ့သလို စစ်တပ်ကလည်း လေကြောင်းပစ်ကူနဲ့ တုံ့ ပြန်ခဲ့ပါတယ်။
ဩဂုတ်လဆန်းမှာ မဟာမိတ်တပ်ဖွဲ့တွေက အဓိက ရည်မှန်းချက်တွေကို အောင်မြင်ခဲ့သလို ပေးဆပ်မှု လည်း ကြီးမားခဲ့ပါတယ်။ ကျဆုံးမှုတွေနဲ့ ပတ်သက်လို့ နှစ်ဘက်စလုံးက ထုတ်မပြောပေမယ့် တိုက်ပွဲ ပြင်းထန်မှုကြောင့် နှစ်ဖက်ပေါင်းတပ်ဖွဲ့ဝင် ၅၀၀၀ ထက်မနည်း သေဆုံး သို့မဟုတ် ဒဏ်ရာရခဲ့မယ်လို့ ယူဆရပါတယ်။
“စစ်ဆင်ရေး ၁၀၂၇” ဒုတိယလှိုင်းရဲ့ အရေးပါဆုံး တတိယစစ်မျက်နှာပြင်က မြန်မာပြည်အလယ်ပိုင်းဒေ သကို ဦးတည်လာတဲ့ ဧရာဝတီမြစ်ကြောင်းတလျှောက် စစ်ဆင်ရေးတွေပါ။ ဒီစစ်မျက်နှာပြင်ကို ဗမာ PDF တွေ ဦးဆောင်ပြီး ပတ္တမြားထွက်တဲ့ မိုးကုတ်မြို့မှ မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံး မန္တလေးမြို့ ဆင်ခြေဖုံးအထိ ကျယ်ပြန့်ပါတယ်။
ဒီစစ်မျက်နှာပြင်မှာ အထူးခြားဆုံးက မန္တလေး PDF တပ်ဖွဲ့ပါ။ ပြင်ဉီးလွင်မြို့ရဲ့မြောက်ဘက် ရှမ်းပြည် နယ်နဲ့မန္တလေးကြား တောင်ကုန်းတောင်တန်းတွေပေါ် အခြေစိုက်တဲ့ မန္တလေး PDF တွေက ခန့်မှန်းအင် အား ၃၀၀၀ ထက်မနည်းရှိပြီး စနစ်တကျစုဖွဲ့မှုနဲ့ လုံလောက်တဲ့ လက်နက်တပ်ဆင်မှုတွေ ရှိနေပါတယ်။
NUG ကို သစ္စာခံကြောင်း ကြေညာထားပြီး ထောက်ပံ့မှုအချို့ရထားတဲ့ မန္တလေး PDF တွေဟာ ၂၀၂၂ ခု နှစ်အကုန်မှာ ပေါ်ပေါက်ခဲ့တာပါ။ မန္တလေး PDF ကို TNLA က အဓိက လေ့ကျင့်ထောက်ပံ့ပေးခဲ့ပြီး TNLA ရဲ့ အုပ်ချုပ်ကွပ်ကဲမှုနဲ့ စစ်ဆင်ရေး ဆင်နွှဲနေပါတယ်။
TNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက ဇူလိုင်လ ၂၄ ရက်မှာ မိုးကုတ်မြို့ကို သိမ်းနိုင်ခဲ့သလို ဇူလိုင်လ ၂၀ ရက်မှာ စဉ့်ကူးမြို့ကို သိမ်းနိုင်ခဲ့ပါတယ်။ စဉ့်ကူးမြို့က မန္တလေးမြောက်ပိုင်းကနေ ဧရာဝတီမြစ်ကို တံ တားနဲ့ဖြတ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုဘက်ကို ကူးနိုင်တာမို့ မဟာဗျူဟာအရ အရေးပါတဲ့ မြို့ တမြို့ ဖြစ်ပါတယ်။
PDF တပ်ဖွဲ့တွေက အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တည်ရှိရာ လူဦးရေ ၁.၆ သန်းကျော် နေထိုင်တဲ့ မန္တလေးမြို့ဆင်ခြေဖုံးမှ မြောက်ဘက် ၂၀ ကီလိုမီတာအကွာက စစ်တပ်ထိန်းချုပ်ရွာတွေကို တိုက်ခိုက်ခဲ့ ပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်းအထိ တိုက်ပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် ပြောင်းလဲလာတာ အတော်လေး အရေး ကြီးပါတယ်။ မန္တလေး PDF နဲ့ အခြား အတိုက်အခံတပ်ဖွဲ့တွေကြား အရေးကြီးတဲ့ ဒေသကြီးနှစ်ခုမှာ အုပ်ချုပ်ထောက်ပံ့မှုနဲ့ ဖွဲ့စည်းပုံအရ ချိတ်ဆက်မိလာပါတယ်။ မြောက်ဘက်ဒေသမှာ KIA ထိန်းချုပ်မှု အောက်က ထီးချိုင့်နဲ့ ကသာမြို့တို့ရှိနေပြီး အနောက်ဘက်ဒေသမှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေ အား ကောင်းတဲ့ စစ်ကိုင်းတိုင်းအလယ်ပိုင်း ဖြစ်ပါတယ်။ ဒီလိုနဲ့ ရွှေဘိုနဲ့မန္တလေးကြား အဝေးပြေးလမ်းမကို ခြိမ်းခြောက်လာပါတယ်။
တစ်ကယ်လို့ လာမယ့်ရက်သတ္တပတ်တွေမှာ TNLA နဲ့ မန္တလေး PDF ပူးပေါင်းတပ်ဖွဲ့တွေ နောင်ချိုမြို့ ကနေ ကားလမ်းအတိုင်း ဆင်းလာပြီး ပြင်ဦးလွင်မြို့ကို ခြိမ်းခြောက်ခဲ့မယ်ဆိုရင် မြန်မာတွေရဲ့ ရှေး ဟောင်းမြို့တော် မန္တလေးကို မြောက်ဘက်နဲ့အရှေ့ဘက်ကနေ ညှပ်ပိတ်နိုင်တော့မှာပါ။
Asia Times ပါ ဆောင်းပါးရှင် Anthony Davis ရဲ့ Surging rebel advances press for Myanmar regime collapse ကို ဆီလျော်အောင် ဘာသာပြန်ထားပါသည်။
#Ayeyarwaddy_Times