ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၂ ရက်

ယူကရိန်းစစ်တပ်က အင်္ဂါနေ့ကတည်းက ရုရှားအနောက်ပိုင်းမှာ တိုက်ခိုက်မှုတွေ လုပ်ဆောင် နေကြောင်း သမ္မတ ဇီလန်စကီးက ဝန်ခံလိုက်ပါတယ်။

“ဒီနေ့ ကာကွယ်ရေးဉီးစီးချုပ် Syrskyi က ရှေ့တန်းစစ်မျက်နှာအခြေအနေကို ကြိမ်ဖန်များစွာ တင်ပြခဲ့ပြီးဖြစ်ပါတယ်” လို့ ရုပ်သံမိန့်ခွန်းတစ်ခုအတွင်း သူက ဆိုပါတယ်။

အရန်တပ်ဖွဲ့တွေ စေလွှတ်ကာ ယူကရိန်းရဲ့ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုတွေကို တွန်းလှန်ဖို့ လေကြောင်းအင်အား တိုးမြှင့်ခဲ့ပြီး ရုရှားပိုင်နက်အတွင်း ကျူးကျော်ဖို့ကြိုးပမ်းမှုကို ပိတ်ဆို့ခဲ့တယ်လို့ ရု ရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ယူကရိန်းစစ်တပ်က စစ်ဆင်ရေးတွေ လုပ်ဆောင်လျက်ရှိရာ အနောက်ပိုင်း Kursk ဒေသမှာ ယူ ကရိန်းဒရုန်း ၁၄ စင်းနဲ့ ဒုံးကျည် ၄ စင်းကို ဖျက်ဆီးခဲ့တယ်လို့ အဆိုပါဝန်ကြီးဌာနက ဆိုပါတယ်။

ယူကရိန်းဒုံးကျည်တစ်စင်းက အဆောက်အအုံတစ်လုံးကို ထိမှန်ခဲ့ရာ လူ ၁၃ ဦး ဒဏ်ရာရရှိခဲ့ပြီး ယူကရိန်းစစ်တပ်ဟာ အကြမ်းဖက်သမားတွေဖြစ်ကြောင်း ဒေသရဲ့ ခေတ္တအုပ်ချုပ်ရေးမှူး အလက်ဇီဆမီ နော့ဗ်က လူမှုကွန်ရက်မှာ ပြောပါတယ်။

Kursk ဒေသရဲ့ နယ်စပ်ဧရိယာနေ ပြည်သူ ၇၆၀၀၀ ကို မော်စကိုနဲ့ တူလာအပါအဝင် အိမ်နီးချင်း ဒေသများသို့ ရွှေ့ပြောင်းပေးခဲ့တယ်လို့ ရုရှား အရေးပေါ်အခြေအနေများဆိုင်ရာ ဝန်ကြီးဌာနက ပြောပါ တယ်။

ရုရှားတပ်ဖွဲ့တွေကလည်း ယူကရိန်းနိုင်ငံအပေါ် တိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်တယ်လို့ သိ ရပါတယ်။

ရုရှားဒုံးကျည် ထိမှန်ခဲ့တဲ့ အဆောက်အအုံတစ်လုံးရဲ့ အပျက်အစီးတွေအောက်မှာ သားဖနှစ်ဉီးကို သေဆုံးလျက်တွေ့ရှိခဲ့ပြီး အခြား ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်း အရေးပေါ်ကယ်ဆယ်ရေးဝန်ကြီး ဌာနက ပြောပါတယ်။

ကိုးကား – NHK
Ref; Zelenskyy acknowledges Ukraine has been carrying out attacks in Russia

#Ayeyarwaddy_Times