ဧရာ၀တီတိုင်းမ်
သြဂုတ် ၁၁ ရက်

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ် သပြေကျေးရွာအုပ်စုတွင် အသက် ၁၈နှစ်မှာ ၃၅ နှစ်အတွင်း စစ်မှုထမ်းဆောင်ရန်အသက်ပြည့်မှီသူများ၏ နေအိမ်တိိုင်းကို ကျပ်ငွေ တစ်သိန်းခွဲအထိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးက တောင်းယူနေကြောင်း ဒေသခံများထံကသိရသည်။

စစ်ကောင်စီခန့် အုပ်စုအုပ်ချုပ်ရေးမှူးမှာ ဦးဌေးအောင်ဖြစ်ပြီး အင်္ဂပူမြို့နယ်၊ သပြေအုပ်စု၊ ညာကံကျေးရွာတွင်နေထိုင်းကြောင်းဒေသခံများကြပြောကြားသည်။

“အသက်ပြည့်တဲ့နေအိမ်တိုင်းကိုတောင်းတယ်၊ ပြီးတော့မဲပေါက်သူတွေကိုလည်းတောင်းတယ်၊ မဲမပါတဲ့သူတွေရဲ့နေအိမ်တွေကိုလည်းတောင်းတယ်။ ခု ကာလမှာ ရေဘေးကြောင့် လယ်ယာတွေ ဧကအများကြီး ပျက်စီး‌နေကြတာ။ စားဝတ်နေရေးလဲမပြေကြဘူး။ အဲဒါကို သိလျှက်နဲ့ အုပ်ချုပ်ရေးမူးက ငွေကောက်နေတယ်”ဟု အင်္ဂပူဒေသခံတစ်ဦးကဧရာ၀တီတိုင်းမ်ကိုပြောသည်။

အင်္ဂပူမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ ကျေးရွာတစ်ရွာလျှင် တစ်ယောက်နှုန်း ပြည်သူ့စစ်မှုထမ်းစာရင်းပေးရပြီး မဲစာရင်းပါသည့် နေအိမ်တစ်အိမ်လျှင် ငါးသောင်းပေးရကာ မဲစာရင်းမပါသည့်နေအိမ်များက တစ်
အိမ်လျှင် သုံးသောင်းကျပ် ပေးဆောင်ရကြောင်း ဒေသခံများကပြောသည်။

အင်္ဂပူမြို့နယ်၊ သပြေအုပ်စုတွင် လက်ရှိအချိန်ထိ ပြည်သူ့စစ်မှုထမ်းဆောင်ရန် လူငယ်များ စုဆောင်ခံရသည်မှာ လေးကြိမ်အထိရှိလာပြီဖြစ်ကြောင်း ဒေသခံများထံကသိရသည်။

ဇူလိုင်လအတွင်းကလည်း ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ် ကွင်းကောက်မြို့ အမှတ်(၅) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းရှိ ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ၏ ငွေများကို စစ်ကောင်စီတပ်ကသိမ်းယူကာ လက်ဝယ် ငွေကြေးထပ်မံတွေ့ရှိလျှင် အပြစ်ပေးအရေးယူ မှုများနှင့်အတူ ဖိနှိပ်ခံနေရသည်ဟု ပြည်သူ့စစ်မှုထမ်းသင်တန်းသားတစ်ဦး၏ အဒေါ်ဖြစ်သူကပြောသည်။

ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အများစုတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များသည် ၎င်းတို့၏ သားသမီးများကို အမှတ်စဥ် (၁) ၊ အမှတ်စဥ်(၂) အမှတ်စဥ် (၃) အမှတ်စဥ် (၄) တို့တွင် စစ်မှုထမ်းဆောင်ရန်ချန်လှပ်ထားပြီး ၎င်းတို့နှင့် ပြေလည်ခြင်းမရှိသူ၊ ငွေကြေးမပြည့်စုံသူ အများစုကိုသာ စစ်မှုထမ်းဆောင်ရန် စာရင်းများပေးသွင်းလေ့ရှိကြောင်း စုံစမ်းသိရှိရသည်။

စစ်ကောင်စီတပ်သည် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများကို သင်တန်ဆင်းလျှင် စစ်မတိုက်ခိုင်းဘဲ ဂိတ်စောင့်၊ နယ်မြေလုံခြုံရေးတာဝန်းများသာ ထမ်းဆောင်ခိုင်မည်ဟုပြောဆိုသော်လည်း အမှန်တကယ်တွင် တပ်အင်အားလိုနေသည့် ရှေ့တန်းသို့ပို့ဆောင်နေခြင်းလည်းဖြစ်သည်။

စစ်ကောင်စီသည် ၎င်းတို့တပ်များတွင် စစ်မှုထမ်းဆောင်ရန်အတွက် နည်မျိုးစုံဖြင့် လူငယ်များကို စုဆောင်းလျှက်ရှိပြီး စစ်မှုထမ်း အမှတ်စဥ် (၄) ကို ဇူလိုင်လနောက်ဆုံးပတ်က ဖွင့်လှစ်ခဲ့ကာ ယခုသြဂုတ်လတွင် စတင်သင်တန်းပေးနေကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံကသိရသည်။

ဓာတ်ပုံ-ပြည်သူ့စစ်မှုထမ်းအမှတ်စဥ် ၄ သင်တန်းသားများ စစ်မှုထမ်းရန် စစ်ကောင်စီတပ်ထံ စာချုပ် ချုပ်ဆိုနေရစဥ်

#အင်္ဂပူ #အသက်၁၈နှစ် #၃၅နှစ်အတွင်း #စစ်မှုထမ်းရန်အသက်ပြည့်မှီသူများ၏ #နေအိမ်တိိုင်း #၁၅၀၀၀၀ အထိ #စစ်ကောင်စီအုပ်ချုပ်ရေးမှူးကတောင်းယူ #Ayeyarwaddy_Times