
ဧရာဝတီတိုင်းမ်
သြဂုတ် ၁၀ ရက်
လူ ၆၀ ကျော် တင်ဆောင်လာသော ခရီးသည်တင်လေယာဉ်တစ်စင်း ဘရာဇီးနိုင်ငံမှာ ပျက်ကျခဲ့ ရာ ခရီးသည်အားလုံး သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
အဆိုပါ ခရီးသည်တင်လေယာဉ်ဟာ သောကြာနေ့ နေ့လည် ၁ နာရီ ၂၀ မိနစ်မှာ ဆောပေါလိုမြို့ တော်မှ ကီလိုမီတာ ၈၀ ခန့်အကွာ လူနေဧရိယာတစ်ခုမှာ ပျက်ကျခဲ့တာပါ။
ခရီးသည် ၅၇ ဦးနဲ့ လေယာဉ်အမှုထမ်း ၄ ဦး တင်ဆောင်လာသော အဆိုပါလေယာဉ်ဟာ ATR-72 အမျိုးအစား အင်ဂျင်နှစ်လုံးတပ်လေယာဉ်လို့ VoePass လေကြောင်းလိုင်းမှ တာဝန်ရှိသူတွေက ပြော ပါတယ်။
လူနေအိမ်တွေပေါ် အပျက်အစီးတွေ ပြန့်ကျဲနေတာကို လေယာဉ်ပျက်ကျအပြီးမှာ ရိုက်ကူးခဲ့တဲ့ ရုပ်သံပြကွက်တွေက ပြသနေပါတယ်။
ပျက်ကျခဲ့တဲ့ ခရီးသည်တင်လေယာဉ်ဟာ ပရန်နာပြည်နယ်မှ ဆောပေါလိုမြို့တော်ရှိ ဂွာရူလ် ဟို့စ် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မောင်းနှင်ခဲ့တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
လေယာဉ်ပျက်ကျမှုမှာ သေဆုံးသူတွေအတွက် ဝမ်းနည်းရကြောင်း ဘရာဇီးသမ္မတ လူးဝစ်အင် နာစီယိုလူလာဒါဆေးလ်ဗားက ပြောပါတယ်။
လေယာဉ်ပျက်ကျရာနေရာမှာ နေထိုင်တဲ့လူအချို့ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘူးလို့ ဒေသန္တရမီဒီ ယာတွေက ဖော်ပြပါတယ်။
ကိုးကား – NHK
Ref; No survivors in Brazil passenger plane crash
#Ayeyarwaddy_Times