![](https://ayartimes.com/wp-content/uploads/2024/07/453456460_817196880549333_80854204257325172_n.jpg)
ဧရာဝတီတိုင်းမ်
ဇူလိုင် ၃၀ ရက်
မြန်မာနိုင်ငံတွင်းက တိုက်ပွဲတွေက အရပ်သားတွေအပေါ် သက်ရောက်မှုရှိတယ်လို့ လူမျိုးသုဉ်း သတ်ဖြတ်မှု ပိတ်ပင်တားဆီးရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အဲလစ်ဝေရီမူနဲ့ R2P ဆိုင်ရာ ကုလသမဂ္ဂ အထူးအကြံပေး မိုဘလီကာတို့က ပူးတွဲထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
“မြန်မာနိုင်ငံတစ်ဝှမ်းရှိ အရပ်သားတွေဟာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလနောက်ပိုင်း တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေရဲ့ဒဏ်ကို ခံခဲ့ရပါတယ်” လို့ ၎င်းတို့က ဆိုပါတယ်။
ဘာသာ၊ လူမျိုး၊ လိင်နဲ့ နိုင်ငံရေးခံယူချက် မည်မျှပင်ရှိစေကာမူ မြန်မာစစ်တပ်ဟာ လူတိုင်းကို ကာကွယ်ပေးရမယ်လို့ ၎င်းတို့က ပြောပါတယ်။
“မြန်မာစစ်တပ်ဟာ အမုန်းစကား၊ ခွဲခြားဆက်ဆံမှု၊ လူနည်းစုအပေါ် အကြမ်းဖက်တွေကို တား ဆီးဖို့ တာဝန်ရှိတဲ့အပြင် ပြည်သူတွေအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုနဲ့ လူသားမဆန်သော ရာဇဝတ်မှုတွေ ကျူးလွန်တာကို ကာကွယ်ပေးရမယ်” လို့ ၎င်းတို့က အလေးထားပြောပါတယ်။
ရခိုင်ပြည်နယ်က လူနည်းစုမူဆလင် ရိုဟင်ဂျာတွေရဲ့ အခြေအနေနဲ့ပတ်သက်လို့ အလွန်အမင်း စိုးရိမ်မိတယ်လို့လည်း ၎င်းတို့က ဆိုပါတယ်။
လူမျိုးစုပဋိပက္ခတွေ အခြေအနေပိုဆိုးလာအောင် ရိုဟင်ဂျာနဲ့ ရခိုင်လူမျိုးတွေကြား တင်းမာမှု တွေ အရှိန်မြှင့်စေဖို့ ၂၀၁၇ ခုနှစ်နောက်ပိုင်း အမုန်းစကားတွေ တစ်ဖန် အသုံးပြုလာတယ်လို့ ထုတ်ပြန် ချက်က ဖော်ပြပါတယ်။
အိုးအိမ်စွန့်ခွာရသူ ၃ သန်း အပါအဝင် အကူအညီနဲ့ ကာကွယ်စောင့်ရှောက်မှု လိုအပ်သူ ခန့်မှန်း ချေ ၁၈ ဒသမ ၆ သန်းနဲ့အတူ မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှု အကျပ်အတည်းဟာ ပိုဆိုးလာပါတယ်။
ကိုးကား – Scoop
Ref; UN Officials Alarmed By Civilian Targeting Amid Renewed Fighting In Myanmar
#Ayeyarwaddy_Times