
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၃ ရက်
မြန်မာပဋိပက္ခကြောင့် အာရှတိုက်မှာ တရားမဝင် မူးယစ်ဆေးဝါးပျံ့နှံ့မှု အရှိန်မြှင့်လာခဲ့ပြီး ပြီးခဲ့ တဲ့နှစ်အတွင်း အရှေ့အာရှနဲ့ အရှေ့တောင်အာရှမှာ ဖမ်းဆီးရမိတဲ့ မီသာဖက်တမင်းဆေးပြား ပမာဏ ဟာ စံချိန်တင်ခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင်လ ၁၁ ရက်က ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ပြည်နယ်မှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ မူး ယစ်မှောင်ခိုသမားတွေကြား ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး အာဏာပိုင်တွေက ထွက်ပြေးသွားတဲ့ မှောင်ခို သမားတွေ စွန့်ပစ်ခဲ့တဲ့ ထရပ်ကားတစ်စင်းမှ စိတ်ကြွဆေးပြား ၃ ဒသမ ၂ သန်း တွေ့ရှိခဲ့ပါတယ်။
ယင်းသို့သောဖြစ်စဉ်တွေဟာ မူးယစ်မှောင်ခိုသမားတွေအတွက် အဓိက အခြေစိုက်စခန်းတစ်ခု ဖြစ်စေတဲ့ ထောက်ပံ့ပို့ဆောင်ရေးကွန်ရက်တစ်ခုဖြစ်တဲ့ ထိုင်းနိုင်ငံမှာ မကြာခဏဆိုသလို ဖြစ်ပွားတယ် လို့ မီဒီယာသတင်းတွေက ဖော်ပြပါတယ်။
ထိုင်းနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှဆိပ်ကမ်း Laem Chabang၊ မလေးရှားနဲ့ ကမ္ဘောဒီး ယားနယ်စပ်တွေမှတစ်ဆင့် မူးယစ်ဆေးဝါးတွေကို အခြား အာဆီယံနိုင်ငံတွေ၊ ဂျပန်နဲ့ဩစတြေးလျလို ဖွံ့ဖြိုးပြီးတိုင်းပြည်တွေကို ပို့ဆောင်ပါတယ်။
၂၀၂၃ ခုနှစ်အတွင်း အရှေ့အာရှနဲ့ အရှေ့တောင်အာရှမှာ မီသာဖက်တမင်း တန် ၁၉၀ ဖမ်းဆီးရမိ ခဲ့တယ်လို့ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး (UNODC) က မေလနှောင်းပိုင်းမှာ ထုတ်ပြန်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်က ဖမ်းဆီးရမိတာထက် ၃၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကာ ၂၀၀၂ ခုနှစ်နောက် ပိုင်း စံချိန်တင် ဖမ်းဆီးရမိတာလို့ ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ ဆိုးရွားလာသော ပြည်တွင်းစစ်ကြောင့် မူးယစ်ဆေးဝါးထုတ်လုပ်မှု တိုးလာခဲ့တာ လို့ UNODC က ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ ခန့်မှန်းချေ ဘိန်းထုတ်လုပ်မှုဟာ ၂၀၂၃ ခုနှစ်အတွင်း တန် ၁၀၀၀ ကျော်ခဲ့ပြီး ၂၀၀၁ ခုနှစ်နောက်ပိုင်း အများဆုံးပမာဏ ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း အရှေ့အာရှနဲ့ အရှေ့တောင်အာရှမှာ ဖမ်းဆီးရမိတဲ့ မီသာဖက်တမင်းဆေး ပြားတွေရဲ့ ၇၀ ရာခိုင်နှုန်းကျော်ဟာ မြန်မာ၊ ထိုင်းနဲ့ လာအိုနိုင်ငံမှဖြစ်ပါတယ်။
“ရွှေတြိဂံဒေသ၊ မြန်မာနိုင်ငံ ရှမ်းပြည်နယ်မှ ထုတ်လုပ်တဲ့ မူးယစ်ဆေးဝါးတွေဟာ ၂၀၂၄ ခုနှစ်မှာ စံချိန်တင် မြင့်တက်လာပါတယ်” လို့ UNODC ရဲ့ အာဆီယံနှင့် ပစိဖိတ်ရေးရာ ဒေသဆိုင်ရာကိုယ်စား လှယ် ဂျရီမီးဒေါက်ဂလပ်စ်က ပြောပါတယ်။
ကိုးကား – Nikkei Asia Review
Ref; Myanmar crisis pushes Asian meth seizures to new highs
#Ayeyarwaddy_Times