
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၂ ရက်
သမ္မတရွေးကောက်ပွဲမှ နှုတ်ထွက်ဖို့နဲ့ ကျန်ရှိသော သူ့ရဲ့သက်တမ်းမှာ သမ္မတတာဝန်တွေကို ထမ်းဆောင်ရေး အလေးထားဖို့က ပါတီနဲ့ တိုင်းပြည်အကျိုးစီးပွားအတွက် အကောင်းဆုံးဖြစ်တယ်လို့ ဂျိုးဘိုင်ဒင်က လူမှုကွန်ရက် X မှာ ကြေညာချက်တစ်ရပ် ပြုလုပ်ခဲ့ပါတယ်။
သူ့ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ အသေးစိတ်ကို ဒီသီတင်းပတ်နှောင်းပိုင်းမှာ ပြည်သူလူထုထံ ရှင်းပြမယ်လို့ ဂျိုးဘိုင်ဒင်က ဆိုပါတယ်။
ပြီးခဲ့တဲ့လနှောင်းပိုင်းကပြုလုပ်ခဲ့တဲ့ ရီဗက်ပလီကင်ပြိုင်ဘက် ဒေါ်နယ်ထရမ့်နဲ့ ရုပ်သံစကားစစ် ထိုးပွဲမှာ စိတ်ပျက်ဖွယ်ရာ စွမ်းဆောင်ရည်ကြောင့် ဂျိုးဘိုင်ဒင်ကို သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှု မှ နှုတ်ထွက်ဖို့ တောင်းဆိုမှုတွေ ရှိခဲ့ပါတယ်။
နောက်လလယ်မှာပြုလုပ်မယ့် ဒီမိုကရက်တစ်ပါတီရဲ့ ညီလာခံမှာ သမ္မတကိုယ်စားလှယ်လောင်း လက်ခံကြောင်း မိန့်ခွန်းတစ်ရပ် ပြောကြားယုံနဲ့ သူဟာ ပါတီရဲ့ တရားဝင် ကိုယ်စားလှယ် ဖြစ်လာမှာပါ။
ဂျိုးဘိုင်ဒင်ဟာ ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခံရဖို့ ပြည် နယ်ကိုယ်စားလှယ် ၉၀ ရာခိုင်နှုန်းကျော်ရဲ့ ထောက်ခံမှုကို ရရှိထားပါတယ်။
ဂျိုးဘိုင်ဒင်က သမ္မတရွေးကောက်ပွဲမှ နှုတ်ထွက်ဖို့ ဆုံးဖြတ်တာကြောင့် ပြည်နယ်ကိုယ်စားလှယ် ၄၀၀၀ ခန့်က ပါတီကိုယ်စားလှယ်လောင်း ရွေးချယ်ရေးလုပ်ငန်းစဉ်မှာ မဲပြန်ထည့်ရမှာဖြစ်ပါတယ်။
ပြန်လည်ရွေးကောက်ခံဖို့ ကြိုးပမ်းနေတဲ့ လက်ရှိသမ္မတတစ်ဉီးက ရွေးကောက်ပွဲယှဉ်ပြိုင်မှုမှ နှုတ်ထွက်တာ ၅၆ နှစ်အတွင်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
ပြန်လည်ရွေးကောက်ခံဖို့ ကြိုးစားနေတဲ့ တာဝန်ထမ်းဆောင်ဆဲ သမ္မတတစ်ဉီးက ရွေးကောက်ပွဲ မှ နှုတ်ထွက်ခဲ့တာ ၁၉၆၈ ခုနှစ်မှာ လင်နွန်ဂျွန်ဆင် ဖြစ်ပါတယ်။
ကိုးကား – NHK
Ref; Biden bows out of US presidential election race
#Ayeyarwaddy_Times