ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၆ ရက်

ချင်းပြည်နယ်(တောင်ပိုင်း)၊ လေးမြို့နယ်ရှိ ဒိုင်ရ်(ချင်း) မျိုးနွယ်စုများ ပြန်လည်ပေါင်းစည်းရေးအတွက် ချင်းလဲန်ကောင်စီ(CC)မှ ချင်းပြည်ကာကွယ်ရေးတပ်(ဒိုင်ရ်) နုတ်ထွက်ကြောင့် ဒိုင်ရ်ဒေန္တရကောင်စီ ဥက္ကဌထံက သိရှိရသည်။

ဒိုင်ရ်ဒေသပြည်သူ့အုပ်ချုပ်ရေးနယ်မြေနှင့် ချင်းပြည်ကာကွယ်ရေးတပ်(ဒိုင်ရ်)ထိန်းချုပ်နယ်မြေသည် ဒိုင်ရ်ဒေသနှင့် ဒိုင်ရ်မျိုးနွယ်စုတစ်ခုလုံးကို လွှမ်းခြုံမူမရှိသဖြင့် မြို့နယ် (၄)ခုမှ ဒိုင်ရ်မျိုးနွယ်စုများ ပူးပေါင်း၍ ဒိုင်ရ်ပြည်သူ့ညီလာခံကျင်းပကာ ဒိုင်ရ်ဒေန္တရကောင်စီကို ဖွဲ့စည်းပြီး အဆိုပါ ပြည်သူ့ညီလာခံ၏

ဆုံးဖြတ်ချက်အရ ဒိုင်ရ်မျိုးနွယ်စု အုပ်ချုပ်ရေးအစုအဖွဲ့အသီးသီးနှင့် ကာကွယ်ရေးတပ်ဖွဲ့အသီးသီး ပြန်လည်စုစည်းသည့်ကာလတွင်ချင်းလဲန်းကောင်စီမှ နုတ်ထွက်ခြင်းဖြစ်ကြောင့် သိရှိရသည်။

“ချင်းတောင်ပိုင်း လေးမြို့နယ်မှာ ပျံ့ကျဲနေထိုင်တဲ့ ဒိုင်ရ်မျိုးနွယ်စုတွေ ပြန်လည်စုစည်းဖို့အတွက် CC ကနေ နှုတ်ထွက်တာပါ။ မျိုးနွယ်စု စုစည်းမူပြီးသွားရင် ချင်းအမျိုးသားစုစည်းမှုမှာ ပြန်လည်ပါဝင်လာဖို့ ရှိပါတယ်။”ဟု ဒိုင်ရ်ဒေန္တရကောင်စီ ဥက္ကဌ ဆလိုင်အောင်မင်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယင်းအပြင် ချင်းပြည်တွင်ရှိသည့် တော်လှန်ရေးအဖွဲ့စည်းများကလည်း ယခု ဖြစ်ပွါးနေသည့် ချင်းလက်နက်ကိုင် အချင်းချင်းဖြစ်သည့် ပြဿနာများကို အမြန်ဆုံးတွေ့ဆုံ ဆွေးနွေးပြီးအဖြေရှာကြရန်နှင့်တန်းတူညီမျှမှုရှိသည့် ချင်းနိုင်ငံရေးအခင်းကျင်းမျိုးကို အမြန်ဆုံးအကောင်ထည်ဖော်နိုင်အောင် လုပ်ဆောင်ကြရန်လည်း ၎င်းက တိုက်တွန်းပြောဆိုသည်။

အလားတူ ချင်းညီနောင်ဖွဲ့ဝင်ဖြစ်သည့် ချင်းကာကွယ်ရေးတပ်(ကန်ပက်လက်)၏ Kkei Sing တပ်ရင်းလည်း CDF(ကန်ပက်လက်)မှ နုတ်ထွက်သလို ချင်းကာကွယ်ရေးတပ်(မတူပီ) တပ်မဟာ (၂)၏ လီစန်းတပ်ရင်းလည်း အဖွဲ့မှ နုတ်ထွက်ကြောင့် ယမန်နေ့ ဇူလိုင်လ ၁၅ ရက်နေ့တွင် အသီးသီး ထုတ်ပြန်ထားသည်။

အဆိုပါ Kkei Sing တပ်ရင်းနှင့် လီစန်းတပ်ရင်းတို့သည် ဒိုင်ရ်(ချင်း)မျိုးနွယ်စုများဖြင့် ဖွဲ့စည်းထားသည့် တပ်ရင်းများဖြစ်ပြီး Kkei Sing တပ်ရင်းသည် ဒိုင်ရ်ဒေန္တရကောင်စီ၏ လက်အောက်တွင် CDF-Daai အဖြစ် ဆက်လက် ပူးပေါင်းရပ်တည်မည်ဖြစ်ကြောင့် သိရှိရသည်။

ဒိုင်ရ်(ချင်း)မျိုးနွယ်စုများသည် ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ ကန်ပက်လက်မြို့နယ်၊ မတူပီမြို့နယ်နှင့် မင်းတပ်မြို့နယ်တို့တွင် နေထိုင်ပြီး လူဦးရေ သုံးသောင်းနှင့်အထက်ရှိကြောင့် သိရှိရသည်။

#ဒိုင်ရ်(ချင်း)မျိုးနွယ်စု #ပြန်လည်ပေါင်းစည်းရေး #ချင်းလဲန်းကောင်စီမှ #CDFDaaiနုတ်ထွက်
#Ayeyarwaddy_Times