
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၁ ရက်
ရိုဟင်ဂျာတွေကို အဓမ္မ တပ်သားသစ်စုဆောင်းတာနဲ့ လူသားဒိုင်းအဖြစ် အသုံးပြုတာ အပါအ ဝင် မြန်မာစစ်တပ်နဲ့ အတိုက်အခံတပ်ဖွဲ့တွေရဲ့ အလွဲသုံးစားမှုသတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက် ပေါ်နေစဉ် မြန်မာ့အရေးနဲ့ပတ်သက်လို့ အလွန်အမင်း စိုးရိမ်မိတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ဇူလိုင်လ ၁၀ ရက်မှာ ထပ်လောင်းပြောကြားခဲ့ပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း မြန်မာနိုင်ငံက လူ့အခွင့်အ ရေး ချိုးဖောက်မှုတွေ၊ အလွဲသုံးစားမှုတွေအားလုံးကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက အပြင်းအ ထန် ရှုတ်ချခဲ့ပါတယ်။
အကြမ်းဖက်မှုအားလုံးနဲ့ အပြည်ပြည်ဆိုင်ရာဉပဒေချိုးဖောက်မှုတွေ ချက်ချင်း ရပ်ဆိုင်းဖို့၊ ရိုဟင် ဂျာတွေနဲ့ လူနည်းစုတွေ အပါအဝင် မြန်မာနိုင်ငံသားအားလုံးရဲ့ လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့် တွေကို အပြည့်အဝ ကာကွယ်ပေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက တောင်းဆိုပါတယ်။
ပြဿနာဖြစ်ပွားရတဲ့ အကြောင်းရင်းကို ဖြေရှင်းဖို့နဲ့ တာရှည်ခံသောအဖြေရှာဖို့၊ တိုင်းရင်းသားနဲ့ ဘာသာရေးလူနည်းစုတွေအပေါ် ခွဲခြားဆက်ဆံတာ ဖယ်ရှားဖို့လည်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင် စီက တောင်းဆိုပါတယ်။
မြန်မာပြည်သူတွေအပေါ် ရက်စက်သော အပြုအမူတွေ၊ ရာဇဝတ်မှုတွေ ကျူးလွန်သူတွေကို ICJ နဲ့ ICC အပါအဝင် သင့်တော်တဲ့ ဉပဒေဆိုင်ရာအဖွဲ့အစည်းတွေမှာ တာဝန်ခံစေဖို့ အရေးကြီးတယ်လို့ ကု လသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဆိုပါတယ်။
တိုက်ခိုက်မှုတွေ၊ ရန်လိုမုန်းတီးမှုတွေနဲ့ အရပ်သားတွေကို ပစ်မှတ်ထားတာ ချက်ချင်း ရပ်စဲဖို့ လို အပ်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ပြောပါတယ်။
တိုင်းရင်းသားတွေ၊ လူနည်းစုတွေ၊ အမျိုးသမီးတွေ၊ လူငယ်တွေ၊ မသန်စွမ်းတွေ၊ အရပ်ဘက်အဖွဲ့ အစည်းတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေ အပြည့်အဝ ပါဝင်တဲ့ အားလုံးပါဝင်သော နိုင်ငံရေး ဆွေး နွေးမှုနဲ့ ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်တစ်ရပ် ကျင်းပဖို့လည်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ က တောင်းဆိုခဲ့ပါတယ်။
အင်တာနက်နဲ့ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ထားတွေ ပြန်လည်ရုတ်သိမ်းဖို့၊ လွတ်လပ် စွာ ထုတ်ဖော်ပြောဆိုခွင့်ပေးဖို့လည်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက မြန်မာစစ်ကောင်စီကို တိုက်တွန်းပါတယ်။
ကိုးကား – Scoop
Ref; UN Rights Council Condemns Myanmar Abuses, Urges Immediate Action
#Ayeyarwaddy_Times