
ဧရာဝတီတိုင်းမ်
ဇူလိုင် ၇ ရက်
ရှမ်းမြောက်၊ တအာင်းတပ်မဟာ ၃ စစ်ဒေသ မိုးမိတ် မြို့တွင် စစ်ကောင်စီနှင့် TNLA တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
ယနေ့ ဇူလိုင် ၇ ရက်နေ့ နေ့လယ် ၂ နာရီ ၄၉ မိနစ်အချိန်တွင် မိုးမိတ်မြို့နယ်၊ သရက်တောကျေးရွာအနီး တဝိုက်တွင် စစ်ကောင်စီ၏ စကခ ၂၁ ခလရ ၂၂၃ တို့ နှင့် TNLA တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA မှ ထုတ်ပြန်ထားသည်။
၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ စတင်သည့်အချိန်မှစ၍ မိုးမိတ်မြို့နယ်အတွင်းတွင် စစ်ကောင်စီ၏ စကခ၂၁၊ခလရ ၃၄၈ တို့နှင့် TNLA တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင် ၅ ရက်နေ့ကလည်း မိုးမိတ်မြို့နယ်ရှိ လက်ခုပ်ပင်ရွာ၊ လယ်ကြီးရွာနှင့် လက်ခုပ်သာရွာအနီး တဝိုက်တွင် တအာင်းတပ်မတော် TNLA၊ PLA ၊ PDF ပူး ပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီ၏ စကခ ၂၁၊ ခလရ ၃၄၈၊ ခလရ ၂၂၃၊ ခလရ ၂၇၆ တို့နှင့် တိုက်ပွဲပြင်း ထန်စွာဖြစ်ပွားခဲ့ကြောင်း သိရသည်။
မိုးမိတ်မြို့ရှိ ရွှေသာယာတပ်စခန်းကို TNLA နှင့် မိုးကုတ်ဗျူဟာ PDF တို့မှ ပီ့းခဲ့သည့် ဇူလိုင် ၃ ရက်နေ့ တွင် ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။
စစ်ကောင်စီနှင့် TNLA တပ်တို့သည် နောင်ချိုမြို့နယ် ၌လည်း တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီ၏ ဒုံးတပ်ရင်း ၆၀၆ တပ်စခန်းအနီးသို့ စစ် ကောင်စီတပ်မှ Y 12 လေယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် လားရှိုးမြို့နယ် အီနိုင်းရွာနှင့် ခြောက်မိုင်ကုန်းကြားတွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ၃ ကြိမ် လာရောက်တိုက်ခိုက်ခဲ့သည်။
ယနေ့ ဇူလိုင် ၇ ရက်နေ့တွင် ကျောက်မဲမြို့နယ် စစ်ကောင်စီတပ် ခမရ ၅၀၁ မှ ဟူးကွက်ရွာသို့ လက်နက် ကြီးဖြင့်လေးကြိမ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
#ရှမ်းမြောက် #မိုးမိတ် #စစ်ကောင်စီ #TNLA #တိုက်ပွဲပြင်းထန် #Ayeyarwaddy_Times