ဧရာဝတီတိုင်းမ်
ဇူလိုင် ၆ ရက်

တိုင်းပြည်ကို ပြန်လည်တည်ဆောက်ဖို့ ကျမ်းသစ္စာကျိန်ဆိုပွဲမိန့်ခွန်းမှာ ဗြိတိန်ဝန်ကြီးချုပ်သစ် ကီယာစတန်မာက ကတိပြုခဲ့ပြီး အပြောင်းအလဲလုပ်ငန်းကို ချက်ချင်း စတင်မယ်လို့ ဆိုပါတယ်။

ကြာသပတေးနေ့ကပြုလုပ်တဲ့အထွေထွေရွေးကောက်ပွဲမှာ လေဘာပါတီက သောင်ပြိုကမ်းပြို အနိုင်ရရှိပြီးနောက် ချားလ်ဘုရင်က သောကြာနေ့မှာ ကီယာစတန်မာကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ပါ တယ်။

နိုင်ငံရေးမှာ ယုံကြည်မှုကင်းမဲ့တာကို စကားလုံးတွေနဲ့မဟုတ်ဘဲ လုပ်ရပ်တွေနဲ့သာ ကုစားနိုင် တယ်လို့ သူ့ရဲ့ ပထမဆုံးမိန့်ခွန်းမှာ ကီယာစတန်မာက ပြောဆိုခဲ့ပါတယ်။

ရေချယ်ရိဗ်ကလည်း ဗြိတိန်နိုင်ငံရဲ့ ပထမဆုံးသော အမျိုးသမီး ဘဏ္ဍာရေးဝန်ကြီး ဖြစ်လာခဲ့ပါ တယ်။ “ဗဟိုအစိုးရရဲ့ အဓိကကျသောမစ်ရှင်က စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပြန်လည်ရရှိဖို့ဖြစ်တယ်” လို့ ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဝန်ထမ်းတွေကို ၎င်းက ပြောပါတယ်။

ဗြိတိန်နိုင်ငံရဲ့ စကားစစ်ထိုးပွဲက နှစ် ၆၀ ကျော်ကာလအတွင်း အဆိုးရွားဆုံးအခြေအနေဖြစ်ပါ တယ်။ ဗြိတိန်အစိုးရအတွက် အကြီးမားဆုံး စိန်ခေါ်မှုက စီးပွားရေး တိုးတက်မှု အောင်မြင်ခြင်း ရှိ မရှိနဲ့ ပြည်သူတွေရဲ့ သက်မွေးဝမ်းကြောင်း တိုးတက်မှု ရှိ မရှိတို့ဖြစ်ပါတယ်။

မဲရေတွက်မှု ပြီးဆုံးလုအခြေအနေမှာ လေဘာပါတီက လွှတ်တော်အမတ်နေရာ ၆၅၀ အနက် အမတ်နေရာ ၄၁၂ နေရာကို အနိုင်ရရှိခဲ့တယ်လို့ ဘီဘီစီသတင်းဌာနက သောကြာနေ့မှာ ဖော်ပြခဲ့ပါ တယ်။

လေဘာပါတီက လွှတ်တော်အမတ်နေရာ နှစ်ဆအထိ အနိုင်ရရှိကာ ကွန်ဆာဗေးတစ်ပါတီကို ၁၄ နှစ်အတွင်း ပထမဆုံးအကြိမ် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ရွေးကောက်ပွဲ ရှုံးနိမ့်မှုအတွက် သူက တာဝန်ယူမှာဖြစ်ပြီး ဆက်ခံသူ ရွေးချယ်ပြီးပါက လေဘာ ပါတီရဲ့ ခေါင်းဆောင်အဖြစ်မှ နှုတ်ထွက်မယ်လို့ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ရီရှီဆူနတ်ခ်က ပြောပါတယ်။

ကွန်ဆာဗေးတစ်ပါတီက ရွေးကောက်ပွဲမှာ လွှတ်တော်အမတ်နေရာ ၁၂၁ နေရာသာ အနိုင်ရရှိခဲ့ ပြီး ဝန်ကြီးချုပ်ဟောင်း လစ်ထရပ်၊ ကာကွယ်ရေးဝန်ကြီးဟောင်း ဂရန့်ရှပ်စ်တို့လည်း ရှုံးနိမ့်ခဲ့ပါတယ်။

ကိုးကား – NHK
Ref; New British leader Starmer pledges to rebuild

#Ayeyarwaddy_Times