
အောင်မြသန်း/ဧရာဝတီတိုင်းမ်
(ဟင်္သာတ)၊ ဩဂုတ်လ ၉ ရက်
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်မှာ စစ်ကောင်စီက ရပ်ကွက် ၁ ခုကို လူ ၈၀ နှုန်းနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး တွေကိုလူစုခိုင်းတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။
အကြောင်းအရာအတည်အကျမပြောဘဲ ရပ်ကွက်တိုင်းမှာရှိတဲ့ အမျိုးသားတွေကို အယောက် ၈၀ စီ စစ်ကောင်စီကတောင်းခံနေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ တရပ်ကွက်ကို ၈၀ စီတောင်းတာ ဘာအတွက်လည်းတော့မပြောဘူး ကျွန်တော်တို့ရပ်ကွက်အုပ်ချုပ်ရေးမှူး ကတော့ သူစုပေးလို့မရဘူး ကိုယ့်ဘာသာဝင်ခေါ်လို့ပြောလိုက်တယ် ထင်တာတော့ တိုင်းရင်းသားလက်နက် ကိုင်တွေနဲ့တိုက်ပွဲဖြစ်တဲ့နေရာတွေကို အသုံးပြုဖို့ပို့နိုင်တယ်”လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဟင်္သာမြိုခံ အမျိုးသားတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကုန်ဈေးနှုန်းတွေအဆမတန်မြင့်တက်လာလို့ စားဝတ်နေရေးခက်ခဲ နေချိန်မှာ ခုလိုပေါ်တာဆွဲတာမျိုးပုံစံတွေပြုလုပ်လာတာကြောင့် ရှေ့ဆက်နေထိုင်ဖို့အဆင်မပြေနိုင်တော့ဘူး လို့ ဆိုပါတယ်။
ဟင်္သာတမြို့မှာ မြို့ပေါ်ရပ်ကွက် ၂၁ ခုရှိပြီး ရပ်ကွက်တိုင်း လူ ၈၀ ဦးစီ စုခိုင်းတာနဲ့ပတ်သက်ပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူးအချို့က ငြင်းဆိုတာတွေရှိခဲ့တယ်လို့ အုပ်ချုပ်ရေးအသိုင်းဝိုင်းက သိရပါတယ်။
စစ်ကောင်စီတပ်က ခုလိုမျိုး လူစုဆောင်းခိုင်းတာနဲ့ပတ်သက်ပြီး ဟင်္သာတမြို့နယ်စီမံချုပ်ရေးရုံးကို ဖုန်း ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အဆက်သွယ်မရရှိသေးပါဘူး။