ဧရာဝတီတိုင်းမ်
သြဂုတ်လ ၈ ရက်
စစ်ကောင်စီက မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု အကူအညီပေးပို့ရာမှာ လိုအပ်တဲ့ ပူးပေါင်းဆောင်ရွက် မှု လက်ရှိအချိန်ထိ ပြုလုပ်ခြင်းမရှိဘူးလို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူလာအဗ္ဗဒူလာက ပြောပါတယ်။
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) နဲ့ အာဆီယံနိုင်ငံတွေက အရပ်ဘက်အဖွဲ့အစည်းတွေ လိုမျိုး မြန်မာနိုင်ငံဆိုင်ရာ လူသားချင်းစာနာမှု အကူအညီပေးအပ်ရေးမစ်ရှင်မှာ နိုင်ငံတကာအဖွဲ့အစည်းတွေ ပါ ဝင်တယ်လို့ သူက ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ အကူအညီမစ်ရှင်တွေ လုပ်ဆောင်နေတဲ့အပြင် မြန်မာနိုင်ငံမှာ စေတနာ့ဝန်ထမ်းတွေ ရှိ တာကြောင့် အကူအညီပေးရေးအဖွဲ့မှာ Mercy Malaysia ပါဝင်ဖို့ မလေးရှားနိုင်ငံက အကြံပြုခဲ့တယ်လို့ ၄င်းက ပြောပါတယ်။
“မြန်မာနိုင်ငံက ရှုပ်ထွေးတယ်ဆိုတာ ကျွန်တော်တို့နားလည်တဲ့အတွက် လူသားချင်းစာနာမှု အကူအညီ ပေးရာမှာ ပွင့်လင်းမြင်သာမှုရှိဖို့ အထူးလုပ်ငန်းအဖွဲ့မှာ နိုင်ငံတကာအဖွဲ့တွေ ပါဝင်စေချင်ပါတယ်။ စစ်ကောင်စီက လူသားချင်းစာနာမှု အကူအညီပေးအပ်ရာမှာ ပူးပေါင်းဆောင်ရွက်မှုမရှိဘူးလို့ ကျွန်တော်တို့ ရှုမြင်ပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ အကူအညီတွေကို အဖွဲ့အစည်းအားလုံးထံ ပေးအပ်ဖို့ဖြစ်ပါတယ်” လို့ ဆိုင်ဖူဒင်က ပြောပါ တယ်။
လူသားချင်းစာနာမှု အကူအညီပေးအပ်ရာမှာ ခွဲခြားဆက်ဆံမှုနဲ့ ဦးစားပေးမှုတွေ ရှိလာမှာကို စိုးရိမ်တယ် လို့ ၄င်းက ပူချွန်းမြို့က မလေးရှားဘေးအန္တရာယ်ကူညီရေးနှင့် ကယ်ဆယ်ရေးအဖွဲ့ ဌာနချုပ်မှာ ပြုလုပ်တဲ့ သ တင်းစာရှင်းလင်းပွဲတစ်ခုမှာ ၄င်းက ပြောပါတယ်။
မြန်မာအထူးလုပ်ငန်းအဖွဲ့ကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် ပရတ်ခ်ဆိုခွန်ဦးဆောင် တဲ့ မြန်မာနိုင်ငံဆိုင်ရာ လူသားချင်းစာနာမှုအကူအညီပေးရေး အစည်းအဝေးအပြီးမှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု အကူအညီပေးအပ်ရာမှာ လိုအပ်ချက်မပြည့်မီမှု၊ ရန်ပုံငွေမရှိမှု၊ အကူ အညီများ လိုအပ်သူများထံ အမှန်တစ်ကယ် မရောက်ရှိမှုကဲ့သို့သော စိန်ခေါ်မှုအမျိုးမျိုး ကြုံတွေ့နေရတယ်လို့ သူက ဆိုပါတယ်။
ကိုးကား – Bernama
Ref; Junta not cooperating on humanitarian aid to Myanmar