ဧရာဝတီတိုင်းမ်
ဇွန် ၁၆ ရက်

ဧရာ၀တီတိုင်း၊ ဘိုကလေးမြို့နယ်၊ ကျွန်းသာယာကျေးရွာအုပ်စု၊ အာမခံကျေးရွာတွင် ဇွန်လ ၁၅ရက်နေ့က လယ်သမား တစ်ဦး မိုးကြိုးပစ်ခံရ၍ သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“မနက် ၁၀နာရီကျော်လောက်ကဖြစ်မယ် သူတစ်ယောက်တည်း လယ်ထဲမှာ အလုပ်လုပ်နေရင်း မိုးကြိုးပစ်ခံရတာ ဆေးရုံပို့ချိန်တောင်မရလိုက်ဘူး ဆုံးသွားတယ်”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်မ်းကိုပြောသည်။

မိုးကြိုးထိမှန်သေဆုံးသူမှာ လယ်ယာလုပ်ငန်းလုပ်ကိုင်သူ ဦးငြိမ်းမောင်၊ အသက် (၅၇)နှစ်ဟု သိရှိရပြီး မိုးကြိုးထိမှန်သောကြောင့် နေရာမှာပင် သေဆုံးသွားခဲ့ကြောင်းသိရသည်။

ယခုနှစ် မိုးဦးအစပိုင်းကာလတွင် ဧရာ၀တီတိုင်း
အတွင်း အချို့ဒေသများတွင် ရုတ်တရက် လေပြင်းတိုက်ခတ်ခြင်း၊ မိုးရွာခြင်းနှင့် မိုးကြိုးပစ်ခြင်းများ ဖြစ်ပေါ်ခဲ့သောကြောင့်ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့‌သည်။

#ဘိုကလေးမြို့ #လယ်သမားတစ်ဦး #မိုးကြိုးပစ်ခံရပြီးသေဆုံး #Ayeyarwaddy_Times