ဧရာဝတီတိုင်းမ်
ဇွန် ၁၂ ရက်

အခြားတိုင်းပြည်ရဲ့ ပြည်တွင်းရေးကို မစွက်ဖက်ရမူရှိပေမယ့် အာဆီယံအဖွဲ့အနေနဲ့ ဒေသတွင်း အကျပ်အတည်းတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ ခိုင်မာသော အဖြေရှာမှုတစ်ခု လိုအပ်ပါတယ်။

“အာဆီယံအဖွဲ့ဝင် တိုင်းပြည်တစ်ခုရဲ့ ပြည်တွင်းပြဿနာတစ်ခုဟာ အခြားအဖွဲ့ဝင်နိုင်ငံတွေရဲ့ တည်ငြိမ်မှုကို ခြိမ်းခြောက်တဲ့ ဒေသတွင်း အကျပ်အတည်းတစ်ခု ဖြစ်လာရင် တုံ့ပြန်မှုတစ်ခု မဖြစ်မနေ လိုအပ်ပါတယ်” လို့ ဂျကာတာမြို့တော်အခြေစိုက် မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဗဟိုဌာန (ISIS) မှ ဒေါက်တာ လီနာအလက်ဇန္ဒရားက မြန်မာ့အရေးကို ဉပမာတစ်ခုအဖြစ် ကိုးကားပြီး ပြောပါ တယ်။

“ဒါကို အခြားတိုင်းပြည်ရဲ့ ပြည်တွင်းရေးမစွက်ဖက်ရမူ ချိုးဖောက်မှုတစ်ခုအဖြစ် မရှုမြင်သင့်ဘဲ ဒေသတွင်း ပေါင်းစည်းမှုလုပ်ဆောင်ချက်တစ်ခုအဖြစ် ရှုမြင်သင့်ပါတယ်” လို့ သူက ဆိုပါတယ်။

“မြန်မာ့အရေးဟာ ပြည်တွင်းရေးတစ်ခုမဟုတ်ဘဲ ဒေသတွင်း ပြဿနာတစ်ခုသာဖြစ်ပါတယ်။ အာဆီယံအဖွဲ့အနေနဲ့ မြန်မာ့အရေးကို ဖြေရှင်းမယ့် ခိုင်မာသော အဖြေတစ်ခု ချမှတ်ရပါမယ်” လို့ ဇွန်လ ၁၁ ရက်ကပြုလုပ်တဲ့ “A Partnership for the Future: ASEAN-Australia Ties After the First 50 Years” လို့ အမည်ပေးထားတဲ့ အစီရင်ခံစာ မိတ်ဆက်ပွဲမှာ သူက ပြောပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်လို့ ဒေသတွင်းပြဿနာတွေကို ဖြေရှင်းရာမှာ ဩစတြေးလျနိုင်ငံရဲ့ သိ သာသော အကျိုးစီးပွားတွေကို တက်စ်မေးနီးယားတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဩစတြေးလျ-အာ ဆီယံကောင်စီဘုတ်အဖွဲ့ဝင် ပါမောက္ခ နီကိုးလတ်ဖာရယ်လီက ထောက်ပြပါတယ်။

အာဆီယံအဖွဲ့ရဲ့ ရေရှည် ကြံ့ကြံ့ခံနိုင်မှုနဲ့ အောင်မြင်မှုအတွက် မစွက်ဖက်ရေးမူ ဟန်ချက်ညီမှုက အရေးကြီးတယ်လို့ သူက ဆိုပါတယ်။

ကိုးကား – Bernama
Ref; Non-interference policy: ASEAN needs robust approach to regional crises – Experts
#Ayeyarwaddy_Times