
ဧရာဝတီတိုင်းမ်
ဇွန် ၁ ရက်
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကုန်မှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့က ထိုးစစ်ဆင်မှုပြုလုပ်ပြီး နောက် မြန်မာစစ်ကောင်စီဟာ နိုင်ငံအနှံ့အပြားမှာ နယ်မြေများစွာ လက်လွှတ်ခဲ့ရတယ်လို့ ထင်ရှားသော နိုင်ငံတကာ ကျွမ်းကျင်သူတွေပါဝင် အဖွဲ့တစ်ဖွဲ့ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
‘၁၀၂၇ စစ်ဆင်ရေး’ စတင်ပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တော်လှန်ရေးသ မားတွေက နယ်မြေသိမ်းယူမှုတွေ ပြုလုပ်ကာ တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနယ်စပ်တွေမှာ စစ် စခန်းများစွာကို သိမ်းပိုက်ခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က အစီရင် ခံစာတစ်ခုအတွင်း ပြောပါတယ်။
စစ်ဗိုလ်ချုပ်ကြီးတွေဟာ တိုင်းပြည်ပိုင်နက်နယ်မြေရဲ့ ၈၆ ရာခိုင်နှုန်းရှိတဲ့ မြို့နယ်တွေနဲ့ လူဉီးရေ ၅၅ သန်းရဲ့ ၆၇ ရာခိုင်နှုန်းနေထိုင်ရာ နယ်မြေတွေကို လက်လွှတ်ခဲ့ရတယ်လို့ SAC-M က ပြောပါတယ်။
“မြန်မာစစ်ကောင်စီဟာ တိုင်းပြည်ရဲ့ အဓိကတာဝန်တွေကို ထိန်းသိမ်းနိုင်မယ့် လုံလောက်သော ပိုင်နက်တွေ မထိန်းချုပ်နိုင်တော့ပါဘူး” လို့ အစီရင်ခံစာက ဆိုပါတယ်။
မြန်မာစစ်တပ်ရဲ့ အတိုက်အခံတွေ အပြည့်အဝ ထိန်းချုပ်ထားတဲ့ မြို့နယ် ၁၄ ခု အပါအဝင် မြို့ နယ် ၃၆ ခုကို တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ၇ လအတွင်း ဖြစ်စဉ်တွေမှာ အဓိက အကျိုးခံစားရသူတွေမှာ စစ်တပ်ကို နှစ်နဲ့ချီကြာ အောင် တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာ အကျပ်အတည်းဖြေရှင်းရေးအဖွဲ့ (ICG) က အစီရင်ခံစာတစ်ခုအတွင်း ပြောပါတယ်။
“မြန်မာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက စစ်မြေပြင်မှာ အောင်ပွဲရတာကြောင့် ကာလရှည်ကြိုးပမ်းခဲ့တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသတွေ ထူထောင်နေပါတယ်” လို့ ICG ရဲ့ အကြီးတန်း အကြံပေး ရစ်ချတ်ဟော်ဆေးက ပြောပါတယ်။
ပဋိပက္ခအန္တရာယ်နဲ့ လူ့အခွင့်အရေးကို ထည့်သွင်းစဉ်းစားကာ အဖွဲ့အစည်းပေါင်းစုံနဲ့ ထိတွေ့ ဆက်ဆံဖို့ သူက မြန်မာ့အိမ်နီးချင်းတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းခဲ့ပါတယ်။
ကိုးကား – Aljazeera
Ref; Myanmar military control weakening as anti-coup forces advance: Report
#Ayeyarwaddy_Times