ဧရာဝတီတိုင်းမ်
မေ ၃၁ ရက်

ရိုဟင်ဂျာတွေဟာ ဆယ်စုနှစ်ချီ ဖိနှိပ်မှုတွေ ကြုံတွေ့ခဲ့ရပြီး ကမ္ဘာပေါ်မှာ အများဆုံး နိုင်ငံမဲ့ပြည် သူတွေဖြစ်တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ကုလသမဂ္ဂ လုံခြုံ ရေးကောင်စီ ရှင်းလင်းပွဲမှာ ဗြိတိန်သံအမတ်ကြီး James Kariuki က ပြောပါတယ်။

ရိုဟင်ဂျာဒုက္ခသည် တစ်သန်းဝန်းကျင်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းတွေမှာ နေထိုင် နေပြီး အများစုဟာ မြန်မာစစ်တပ်ရဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှုကြောင့် ၂၀၁၇ ခုနှစ်အတွင်း ရောက်ရှိခဲ့သူ တွေဖြစ်တယ်လို့ သူက ဆိုပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေဟာ လူသားချင်းစာနာမှု အကူအညီအပေါ် ကြီးမားစွာ မှီခိုနေပြီး အလုပ် လုပ်ဖို့ အခွင့်အလမ်း အနည်းငယ်သာရှိကာ ဘယ်မှသွားခွင့်မရှိဘူးလို့ ၎င်းက ပြောပါတယ်။

ဗြိတိန်ဟာ ရိုဟင်ဂျာအရေးမှာ ထိပ်တန်းအလှူရှင်နိုင်ငံတစ်ခုဖြစ်ပြီး ဗြိတိန်နိုင်ငံရဲ့ လူသားချင်း စာနာမှု အကူအညီပေးရေး အစီအစဉ်ဟာ ဒုက္ခသည်တွေရဲ့ အခြေခံနဲ့ အရေးပေါ်လိုအပ်ချက်အပေါ် အလေးထားတယ်လို့ သူက ဆက်ပြောပါတယ်။

၂၀၁၇ ခုနှစ်နောက်ပိုင်း ဗြိတိန်နိုင်ငံဟာ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာနဲ့ မူဆလင်လူနည်းစုအတွက် ဒေါ်လာ ၅၇ သန်းကျော်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာတွေအတွက် ဒေါ်လာ ၄၉၆ သန်း ထောက်ပံ့ခဲ့ တယ်လို့ ၎င်းက ထောက်ပြပါတယ်။

မြန်မာပဋိပက္ခ အဆုံးသတ်ရေး ဗြိတိန်နဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပိုမိုလုပ်ဆောင်ရ မယ်လို့ သူက ဆိုပါတယ်။

ကိုးကား – https://www.gov.uk
Ref; The UK is committed to efforts to address the root causes of displacement: UK statement at the UN Security Council

#Ayeyarwaddy_Times